Meeting with Windows 11
Windows 11 နှင့်စတင်တွေ့ဆုံချင်း အမှန်မတော့ သူက developer version ပါ microsoft မှ leak ထွက်လာတာဖြစ်ပြီး တရားဝင် ကတော့ ဒီလ ၂၄ ရက်မှာ ထွက်မယ်လို့ ကြားထားပါတယ် တကမ္ဘာလုံးမှာရှိတဲ့windowsသုံးစွဲ သူတွေ ရုတ်ရုတ်သဲသဲ တခဲနက်ဖြစ်ကျတာများ iso file ကို ဝိုင်းပြီးဒေါင်းကျတာ google drive တွေမှာ ရှာလို့တောင်မရအောင်ဖြစ်သွားပါတယ် ဒီမှာလည်း အသံပေါင်းစုံ ထွက်ပါတယ် မသုံးကြနဲ့Win Xp လောက်မကောင်းဘူး စုံနေကြတာပါဘဲ ကောင်းတယ်မကောင်းဘူးဆိုတာ သုံးကြည့်မှ သိရမဲ့ကိစ္စပါ အဲ့လို အသံတွေကြားမှာ တချိန်ထဲမှာဘဲ ခါတော်မီ malware တွေ virus တွေ လွှတ်မဲ့websiteတွေကလည်း Win 11 download ရပါတယ် ဆိုပြီး အချဥ် ဖမ်းဖို့ ပေါ်လာကြတာကလည်းဒုနဲ့ဒေးပါ ကျနော်သတိထားပြီးဒေါင်းတာတောင် run ဖို့ folder ကိုဖွင့်လိုက်ထာနဲ့ Kaspersky က notifier ပေါ်လာပြီး delete လုပ်တာကိုတွေ့လိုက်ရပါတယ် အဲ့လိုဘဲ ရှာဖွေရင်း နောက်ဆုံး အခု အမှန်အကန် iso ကို ရရှိခဲ့ပါတယ် အောက်မှာ link ချပေးထားပါတယ် virus free ပါ ကျနော်အဲ့ဒါနဲ့ဘဲ install လုပ်ထားပါတယ် https://disk.yandex.com/d/o2u2uPQYw4dbTw iso က 4.5 Gb ရှိပါတယ်...