Meeting with Windows 11
Windows 11 နှင့်စတင်တွေ့ဆုံချင်း
အမှန်မတော့ သူက developer version ပါ microsoft မှ leak ထွက်လာတာဖြစ်ပြီး တရားဝင် ကတော့ ဒီလ ၂၄ ရက်မှာ ထွက်မယ်လို့ ကြားထားပါတယ် တကမ္ဘာလုံးမှာရှိတဲ့windowsသုံးစွဲ သူတွေ ရုတ်ရုတ်သဲသဲ တခဲနက်ဖြစ်ကျတာများ iso file ကို ဝိုင်းပြီးဒေါင်းကျတာ google drive တွေမှာ ရှာလို့တောင်မရအောင်ဖြစ်သွားပါတယ်
ဒီမှာလည်း အသံပေါင်းစုံ ထွက်ပါတယ် မသုံးကြနဲ့Win Xp လောက်မကောင်းဘူး စုံနေကြတာပါဘဲ ကောင်းတယ်မကောင်းဘူးဆိုတာ သုံးကြည့်မှ သိရမဲ့ကိစ္စပါ
အဲ့လို အသံတွေကြားမှာ တချိန်ထဲမှာဘဲ ခါတော်မီ malware တွေ virus တွေ လွှတ်မဲ့websiteတွေကလည်း
Win 11 download ရပါတယ် ဆိုပြီး အချဥ် ဖမ်းဖို့ ပေါ်လာကြတာကလည်းဒုနဲ့ဒေးပါ
ကျနော်သတိထားပြီးဒေါင်းတာတောင် run ဖို့ folder ကိုဖွင့်လိုက်ထာနဲ့ Kaspersky က notifier ပေါ်လာပြီး delete လုပ်တာကိုတွေ့လိုက်ရပါတယ်
အဲ့လိုဘဲ ရှာဖွေရင်း နောက်ဆုံး အခု အမှန်အကန် iso ကို ရရှိခဲ့ပါတယ် အောက်မှာ link ချပေးထားပါတယ် virus free ပါ ကျနော်အဲ့ဒါနဲ့ဘဲ install လုပ်ထားပါတယ်
https://disk.yandex.com/d/o2u2uPQYw4dbTw
iso က 4.5 Gb ရှိပါတယ် exe ကနေတခါထဲတိုက်ရိုက် installation တန်းလုပ်ရုံပါဘဲ
ကဲစပြီ ကံကောင်းကံဆိုးရွေးပါတော့မယ် ကံကောင်းသူကတော့ တခါထည်းတန်းပြီး win 11 ကို install လုပ်သွားပါလိမ့်မယ်
ကံမကောင်းသူ ကတော့ This PC Can't Install Win 11 ဆိုပြီးတော့ ရပ်သွားပါလိမ့်မယ် မစိုးရိမ်ပါနဲ့ Bios ထဲဝင်ပြီးsecurity ကို ဝင်ပြီးon ဖို့လိုပါတယ် ဒါပေမဲ့ board တိုင်းနဲ့ရချင်မှ ရမှာဖြစ်လို့ ( appraierres dll.) ဆိုတဲ့ fileကို replace လုပ်တဲ့နည်းကို ဘဲသုံးစေချင်ပါတယ် Installation မစခင်မှာ အောက်က link ကိုသွားပြီး အဲ့ဒီ dll ကိုဒေါင်းပါ
https://drive.google.com/file/d/1uHa8zCpRkiD1w2_S8uSHODRCt55NmdCZ/view?usp=sharing
ရလာတဲ့dll ကို copy လုပ်ပြီး Win 11 iso ထဲမှ resources ဆိုတဲ့folder ထဲမှာ paste သွားလုပ်ပါ
same folder ရှိတယ် ဆိုပြီးပေါ်လာရင် replace လုပ်လိုက်ပါ ပြီးရင် တော့ exe ကို run နိုင်ပါပြီ ဒါဆိုရင်တော့ win 11 installation ဆက်ပြီးတက်သွားပါပြီ လက်ရှိ Win 10 မှာသုံးနေတဲ့fileတွေ အတိုင်းဆက်ရှိနေချင်ရင် ဆက်ထားလို့ရပါတယ် internet ကတော့ တောက်လျောက် သာဖွင့်ထားပါ connection ပေါ်မူတည်ပြီး အချိန် ကွာပါလိမ့်မယ် ကျနော်ကတော့ update လုပ် တာ အပါအဝင် နဲ့ဆိုရင် နှစ်နာရီခွဲကြာခဲ့ပါတယ် အရင် Win 10 မှာ ရှိတဲ့ program နဲ့ data တွေ အကုန်ပြန်ပါလာပါတယ် Windows update လည်းရပါတယ်
ကျနော်က stick ကနေ boot တက်တဲ့နည်းမသုံးပါဘူး
လက်ရှိwin 10 pro ကနေ 11 ကို update လုပ် တဲ့နည်းသုံးထားတာဖြစ်လို့ပါ
ကျနော့် အမြင်ပြောရရင် ပြောင်းလဲတာတွေ အတော်အတန်တွေ့ပါတယ် graphic တွေကကောင်းပါတယ် folder icon တွေ ကတော့ Linux က ပုံစံကိုယူထားပါတယ်လို့ထင်ပါတယ်မိုက်ပါတယ် start ကတော့ taskbar အလယ်မှာရောက်နေတယ် စာသိတ်ရှည်မှာစိုးလို့ မရေးတော့ပါဘူး အချိန်တိုအတွင်းမှာကျနော်လည်း အကုန်မသိပါဘူးလေ့လာဆဲပါ Youtube မှာဆက်ကြည့်နိုင်ပါတယ်
အတွေ့အကြုံ ကိုမျှဝေခြင်းပါသုံးတာမသုံးတာကတော့ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရင်လုပ်ပါ
ဖြစ်နိုင်ရင်တော့OEM version ထွက်မှ လုပ်ပါ အခုဟာက developer တွေ စမ်းဖို့ ထုတ်တယ်ထင်ပါတယ် မတည်ငြိမ်သေးပါဘူး တကယ်တရားဝင်ထွက်လာရင် အခုထက်ပိုပြီးမိုက်ပါလိမ့်မယ် Win 10 စပေါ်ခါစတုန်းကလည်းယခုလိုပါဘဲ
တကယ်လို့များ 11 သုံးလို့မကောင်းဘူး 10 ဘဲပြန်သုံးမယ်ဆိုရင်တော့ Settings > Recovery > Go back to the previous version of Windows 10 ကိုသွားရင်ပြန်ရောက်ပါလိမ့်မယ် ထင်ပါတယ်
Win 11 ကို ကြိုက်ပါတယ် ဒါပေမဲ့ ရှိပြီးသား window အပေါ်မှာ upgrade လုပ်ထားလို့လားမသိ နဲနဲတော့ လေးပါတယ် Clean installation ဆိုရင်တော့မသိဘူးသေချာတခုကတော့ OEM ထွက်ရင်တော့ အခုထက်တော့ ပိုကောင်းမှာသေချာမှာဖြစ်ပါကြောင်း
Comments
Post a Comment