မိုးတိမ်တွေရဲ့အောက်.............
တားဆီး စည်းခြားထားတဲ့ အသိုင်းဝိုင်းတွေရဲ့
မှောင်မိုက်လွန်းသော မိုးတိမ်တွေရဲ့အောက်က
ငါမြတ်နိုးတဲ့ ပြာလဲ့လဲ့ပင်လယ် ...
ပျော်ရွင်စွာပျော်ဝင်သွားဖို့
အသိဥာဏ်ကိုနှုတ်ဆက်လက်ပြရင်း
နှလုံးသားဟာ ကမ်းကခွါခဲ့တယ် ...... ။
စစ်မှန်တဲ့အချစ်ဇာတ်လမ်းမှာ မဖြစ်သင့်ဆုံးက ...
အကယ်ဒမီဆုဟာ ဟန်ဆောင်ကောင်းဖို့အတွက်လား ... ?
ပြုံးလိုက် ရယ်လိုက်နဲ့ ငါ့မှာမျက်ရည်ခမ်းတော့မယ်...။
တကယ်ဆို လိုချင်ရက်နဲ့မမျှော်လင့်ခဲ့တာပါ
လေပြေလေညှင်းလေးရယ် ...
တွေဆုံခြင်းတွေအားလုံးဟာ အိပ်မက်ထဲကဇာတ်ဝင်ခန်းတွေလို ...
အရာရာဟာ ခဏလေးပဲနော် ...
ချစ်သူရယ် ... စကားတွေမကြမ်းပါနဲ့တော့
မုန်တိုင်း မတိုက်ခတ်လည်း
စက္ကူလှေငယ်ဟာ
ပင့်ကူအိမ်ထဲ
ထာဝရ နစ်မြုပ်သွားမှာပါ .....။ ။
From : http://alinyinne.blogspot.com/2012/06/blog-post_46.html

Comments
Post a Comment