တွေးကြည့်ပါ......

 သူငယ်ချင်း များ အနေနဲ့ ဒီစာလေးကိုဖတ်ပြီးတော့ အကျိုးဖြစ်ကြပါစေ၊ မေတ္တာထားနိုင်ကြပါစေ။. ဆရာကြီး သော်တာဆွေ ရဲ့ ကြက်ဋီကာ စာအုပ်မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။ သက်ကြီးစကားသက်ငယ် ကြားဆိုသလို ဆရာကြီး ဆုံးမတာတွေက ကျွန်တော်တို့ကို တိုက်ရိုက် ပြောဆိုနေသလိုပါပဲ။ ဒါကြောင့် ဒီပိုစ် လေး ကို ပြန်လည် မျှဝေလိုက် ပါတယ်ခင်ဗျာ ။

ပြုံးရယ်သမှုပြုရခြင်းသည် လူကိုရွင်လန်းစေ၍ စိတ်ကိုချမ်းမြေ့စေသည်။ ထိုကြောင့် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့လိုသူတို့သည် ပြုံးရယ်သမှုပြုရအောင် ဖန်တီးရာ၏။

ယင်းသို့ဖန်တီးရာတွင် အဖိုးအခ မပေးရပါပဲ ခရီးသွားဟန်လွဲဆိုသလို ဖန်တီးနို်င်သော နည်းလမ်းတစ်ခုကို ဖော်ပြရာတွင် မိမိနေထိုင်သည့်ဝန်းကျင်နှင့် မိမိနေစဉ်သွားလာနေသည့် လမ်းခရီးတွင် ကြုံတက်တွေ့တက် သော သူများကို ခင်မင်ရင်းနှီးစွာ မိတ်ဖွဲ့ထားခြင်းပင် ဖြစ်ပါသည်။

အသိမိတ်ဆွေတို့ မည်သည် လူချင်းတွေကြလျှင် တစ်ယောက်နှင့် တစ်ယောက် ပြုံးရယ်ပြမည်၊ နှုတ်ဆက်ကြ မည်။ ပဋိသန္ဒာရ ပြောကြမည် မဟုတ်ပါလား။ မျက်နှာကြီး ၊ငယ် ၊ဆင်းရဲ ၊ချမ်းသာမရွေးပါနဲ့။ သဇင် လဲ ပန်း၊ နှင်းဆီလဲ ပန်း၊ ခရေလဲ ပန်း၊ သပြေလဲံ ပန်းဖြစ်ဘိသကဲ့သို့ အပြုံးပန်း ဟူသမျှသည် အားလုံးအတူတူပါပဲ။ သင့်ထက်နိမ့်ကျသော သူ၏ အပြုံးပန်းကပင် သင့်အတွက် လန်းဆန်းမွေးကြိုင်ပါလိမ့်မည်။

ကြယ်လေးတွေ ချစ်စရာ
အပြာရောင် ကောင်းကင်မှာ
သူတို့ ကို ပြုံးရင်း တစ်လုံးချင်းကြည့်နေပါ
မကြာမီ ပြန်ကာပြုံးလို့ ....
သူတို့လည်း ကိုယ့်ကိုခင်ရှာ ... ပြုံးတုံပြုံးလှဲ့
ကျီစယ်မှာ . . .

ဆရာမြို့မငြိမ်း ရေးခဲ့၍ ကိုအံကြီး သီဆိုသည့် မေတ္တာသဘောကို ဖော်ကျုးလိုက်သော သီချင်းဖြစ်သည်။ သင်က ပြုံးပြီးကြည့်နေမယ်ဆိုလျှင် မိုးကောင်းကင်က ကြယ်လေးတွေ ကတောင် သင့်ကိုပြန်လှန်ပြီး ပြုံးပြပါလိမ့်မယ်တဲ့ ။ မေတ္တာသရုပ်ကိုတင်စားလိုက်ပါတယ်။ သည်တော့ ကျွန်တော်တို့ လူသားအချင်းချင်း ဟာ ဘာပြောစရာရှိတော့ သနည်း။ သူ့မေတ္တာ ကိုယ့်မေတ္တာ ရှိသတဲ့ ၊ ရှေးမြန်မာစကားပဲ။ သင် လူတစ် ယောက်ကို ရန်စရင် ရန်သူပဲရမှာပဲ၊ မေတ္တာထားရင် မေတ္တာပြန်ရမှာပဲ။

လူတစ်ယောက်နဲ့ တစ်ယောက် မေတ္တာထား ပြုံးရယ်ရခြင်းဟာ ဟာသပြက်လုံးတွေ ရုပ်ရှင်တွေ ဟာသတွေ ၀တ္တုတွေ ဖတ်ရတာလို အချိန်ကုန်ငွေကုန်မဟုတ်ပဲနဲ့ ၊ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့စေတဲ့ လွယ်ကူသော နည်းလမ်းတစ်ခုပါပဲ။ သို့မဟုတ် ဆေးမှီင်္းတိုလိုဆိုချင်လည်းဆိုပါ။ နို့ပြီးတွေ့သမျှ လူတိုင်းကို မေတ္တာထားခြင်းဖြင့် ကိုယ်ဟာ ချစ်သူခင်သူပေါတဲ့ လူတစ်ယောက်လည်း ဖြစ်လာပါလိမ့်မယ်။

ဟိုယခင် ကျွန်တော် အသက်အရွယ် စကောစက အရွယ်၊ စဉ်းစားဥာဏ်က မနူးမနပ် စပ်ကူးမပ်ကူးချိန်တွင် ဂျစ်ကန်ကန် အတွေးအခေါ်များဝင်ခဲ့ဖူးသည်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်တွေ့လိုက်ကြရင် " နေကောင်းလား '" လို့မေးတက်ကြသည်။ဒါမေးစရာလား နေကောင်းလို့ပဲ ခုတွေ့နေရတာပေါ့။နေမကောင်းဖူး ဆိုရင် သူအိပ်ရာထဲ လဲနေမှာပေါ့။ နို့ပြီးထမင်းစားပြီးပလားတဲ့ ၊မေးတက်ကြသေးတယ်။ သူ့ဟာသူစားပြီးပြီ မစားရသေးသေး ကိုယ်နဲ့ ဘာဆိုင်တုန်း၊ မစားရသေးဘူးဆိုတော့ ခေါ်များကျွေးဦးမှာလား။ နို့ပြီး ကိုယ့်အလုပ်မဟုတ်ပဲ စပ်စုတက်တဲ့ သူတွေက ရှိသေးတယ်။ ခင်ဗျားဘယ်သွားမလို့လဲတဲ့ ။ သူ့လမ်းသူ သွားချင်တာသွား ကိုယ်နဲ့ ဘာဆိုင်သလဲ၊ လူတွေဟာ ပိုကိုပိုတယ်။

အဲ့ဒိလို ရွှေဥာဏ်တော် စူးရောက်ဖူးတယ်ဗျ။ ကိုယ့်ကိုကိုယ် အတွေးအခေါ်သစ် ပေါက်နေတဲ့ လူကြီးပေါ့လေ။ ရှေးခေတ်လူတွေ ဓလေ့ပဲ တော်လှန်ပစ်လိုက်တော့မလိုလို ၊ ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းတွေနဲ့ ဆွေးနွေး ကြည့်တော့ သူတို့လည်း သဘောတူ လက်ခံကြတယ်ဗျ။

စစ်စစ်တော့ ကျွန်တော်တို့ မလိမ်မိုး မလိမ္မာ အရွယ် မိုက်မှားတဲ့ အတွေးအခေါ်ပါပဲ။ အမှန်အားဖြင့် နေကောင်း ရဲ့ လား .. ထမင်းစားပြီးပြီလား... ဘယ်သွားမလို့လဲ .. ဆိုတာတွေဟာ အရေးကြီးတဲ့ မေးခွန်းတွေ မဟုတ်ပါ ဘူး။ ဖြေချင်လဲဖြေပါ။ မဖြေချင်လဲ နေပါ။ သိကျွမ်းနေတဲ့ လူချင်းမို့ ခင်မင်တဲ့ အထိမ်းအမှတ် ပြောစရာ စကားရှာပြီးတော့ အပြုါံ်ချင်းဖလှယ်ရင်း တစ်ဦးနဲ့ တစ်ဦး မေတ္တာ စိတ်ထားဖော်ကျုးလိုက်တာပါပဲ။ ဒါဟာ ကျွန်တော် တို့ မြန်မာလူမျိုးတွေရဲ့  ရှေးရိုးယာဉ်ကျေးမှု၊ ဒီလို နှုတ်ဆက်စကားပြုပြီး အပြုံးပန်း ပွင့်လိုက်ရတော့ အလကားနေရင်း လူစိတ်ရွှင်လန်းလို့ စိတ်ချမ်းမြေ့သွားပါတယ်။ ဟန်ဆောင်ပြုံးကို မဆိုဘူးနော်။ စိတ်ပါ လက်ပါ ပြုံးရသော မျက်နှာက ပျော့ပြောင်း ပြီးတော့ ကြည်လင်၍ နေပါတယ်။""
လို့ ဆရာကြီးက ဆိုခဲ့ပါတယ်။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ