ခြားနားရင်ခွင်........
- Get link
- X
- Other Apps
“ကို ကလေ ဖြူစင်နေတဲ့ ပန်းတစ်ပွင့်ကို ခူးရမှာထက်၊
လှပလွန်းလို့  ခူးဆွတ် သွားပြီဖြစ်တဲ့ ပန်းကို အရ ယူပြီး
ကိုယ့်ရင်ခွင်မှာ ဘယ်လိုလန်းဆန်းစေမလဲဆိုတာကိုပဲ
စိတ်ကူးရင်ခဲ့တာ။ ဟားဟား…ကို က တော်တော်ကြောင်
တယ်နော်….ပန်းဆု…”
ကျွန်မ အိပ်ပျော်နေရာမှ နိုးသည်လည်းမဟုတ်။ အိပ်ပျော်နေသည် လည်းမဟုတ်။
အိပ်ယာ နိုးခါနီး မသိတသိ အချိန်ကလေးမှာ ပါးပြင်က နူးညံ့တဲ့ အထိအတွေ
့တစ်ခုကို ခံစားရင်းက သာယာကြည်နူးနေမိသည်။ မောင့်ရင် ခွင်မှာ
ကျွန်မပါးလေးအပ်ထားရတဲ့ အရသာဟာ တ ကယ်ကို ရစ်မူးဖွယ်ရာဖြစ်လို့ နေသည်။
မောင့် ရင်ခွင်မှာအဲ ဒီ လိုမှိန်းနေရင်းက မျက်လုံး လေး
အသာလှန်ပြီးကြည့်လိုက်ရင် မောင့် မျက်နှာ၏ တစ်စိတ်တစ်ပိုင်း နှင့် မောင့်
မေးစေ့ သွယ် ဝိုင်းဝိုင်းကို တွေ့ ရမည်။
အဲဒီလိုအချိန်မှာ မောင်များနိုးနေရင် ကျွန်မကိုပြုံးပြီး
ကြည့်ကောင်းကြည့်နေမည်။ အဲဒီ နောက် မောင်ကျွန်မနဖူး ကို နူးညံ့စွာ
နမ်းရှိုက်မည်။ မောင်က ကျွန်မ ကိုတင်းတင်း ကြပ် ကြပ် ပွေ့ ဖက်လိုက်တဲ့ အခါ
ကျွန်မ ကလည်း မောင့်ရင်ခွင်ကို အသာနမ်းလျက် မောင့်ကို
ပြန်ပြီးဖက်တွယ်မိမည်။ မောင့်ရင်ခွင်ဟာ ကျွန်မအတွက် ဆွတ်ပျံ့ 
ကြည်နူးမှုတွေ တမ်းတ မက်မောမှုတွေနဲ့ ပြည့်နှက်လို့ နေသည်။
ကျွန်မ မျက်လုံးကိုအသာဖွင့်ပြီး မော့ကြည့်လိုက်သည်။ ရုတ်တရက် ကျွန်မ
နှလုံးသည် ကြောက်မက်ဖွယ်ရာ တုန်လှုပ်သွား သည်။ ကျွန်မမျက်လုံးကို အသာလေး
ပြန်မှိတ်ထား လိုက်ရသည်။ ကျွန်မရင်ခုန်သံကို ကျွန်မ ထိတ်လန့် ဖွယ်ရာ
ကြားနေရသည်။ ကျွန်မ ရှက်ရွံ့ မှုတွေ သိမ်ငယ်မှုတွေ အပြင် အပြစ်တစ်ခုကို
ကျူးလွန်လိုက်တဲ့ အခါမှာ ခံစားရ တဲ့ စိုးရိမ် ပူပန်မှုတွေကိုပါ ရောထွေးပြီး
ခံစားလိုက်ရသည်။ ကျွန်မမျက်နှာတစ်ခုလုံး တရှိန်းရှိန်း နဲ့  ပင်ပူလာ သည်။
ကိုဦး သည် ကျွန်မကို ညင်သာစွာပွေ့ ဖက်လျက် အိပ်ပျော်နေစဲဖြစ်သည်။
ကိုဦး၏ အသက် ရှူသံကို တိုးသက် ညင်သာစွာ ကျွန်မကြားနေရသည်။ ကျွန်မ
နဖူးပြင်ကို ကိုဦး၏ ဝင်လေ ထွက်လေများက ညံ့ညံ့သဲ့သဲ့ တိုးခတ် နေသည်။
ကျွန်မသည် နွေးထွေးလှသော ကိုဦး၏ ရင်ခွင်တွင် တခိုက်ခိုက်တုန်အောင်ပင်
ချမ်းစိမ့်လာသလို ခံ စားနေရလေသည်။ ကျွန်မ ကို ဦး ကို စိတ်ထဲမှပင်
အကြိမ်များစွာ တောင်းပန်နေမိသည်။ အားလည်းနာမိသည်။
ကိုဦးနဲ့ ကျွန်မတို့ အိမ်ထောင်သက် မကြာသေးပါ။ ကျွန်မ မူးဝေစွာ
နိုးထလာချိန်တွင် ဤ သို့ သော ရှက်ရွံ့ ဖွယ် ရာခံစားမှုတွေ ကျွန်မရဲ
့မသိစိတ်က မောင့်အပေါ် စွဲလမ်း တွယ်တာ မှု တွေ သည်ယနေ့ ထက်တိုင်ကြွင်းကျန်နေ
စဲပါလား။ သက်ပြင်းကို မသိမသာလေး ချ လိုက်ရသည်။ ကျွန်မရင်တွေ လေးလံလို
့နေသည်။ ကျွန်မရှူ ထုတ်လိုက်သော လေသည် အထစ်အငေါ့များစွာဖြင့်၊ ကျွန်မ
ရင်တွေကလည်း လှိုက်လှိုက်ခါခါဖြင့် တုန်ခါ လို့  နေလေ သည်။
ကျွန်မချစ်သူ မောင်သည် ဆယ်ကျော်သက်ဘဝမှသည် ကိုဦးနှင့်ကျွန်မ လက်မထပ်မီ
တစ် နှစ်အလို အချိန်အထိ ကျွန် မနဲ့ အတူ အရိပ်လိုရှိနေခဲ့သူဖြစ်သည်။
ကျွန်မနှင့်မောင်သည် ခွဲလို့ ခွာလို့  မရတဲ့ စုံတွဲ ရယ် လို့  အပေါင်းအသင်း
သူငယ်ချင်းများကပင် ငြူစူရလောက် အောင် တတွဲတွဲနှင့် မခွဲနိုင်မခွာရက်
ချစ်ခဲ့ ကြ သူ များ ဖြစ်ခဲ့ လေသည်။
ကျွန်မ မောင့်၏ ပျော့အိညိုမောင်သောဆံပင်တွေကို ချစ်သည်။ မောင့်ရဲ
့လည်ဂုတ်နား ရောက်နေသော ဆံပင် ညိုညိုတွေ ဖြီးပေးတဲ့ အခါ မောင့်ဆံပင်တွေဟာ
ဘီးနောက်သို့ မလိုက်ချင်လိုရုန်းထွက်သွားတတ်သည်။ မောင့် မျက်ဝန်းတွေကို
ကျွန်မကြည့်မိရင် မောင့် အဲ ဒီအကြည့်တွေ ခေါ်ရာနောက်ကို ကျွန်မ
မျက်စိစုံမိတ်ကာ လိုက် သွားမိမည်ဖြစ်သည်။ မောင်ရယ် သွေးလိုက်ရင် တော့
ကျွန်မ ရင်ထဲမှာပင် လှိုက်ကနဲ မြူးသွားတတ်သည်။
ကျွန်မ ခင်ပွန်းကိုဦး တွင်တော့ မောင့်မှာလို ညိုမှောင်သောဆံပင်တွေထက်
မဆိုသ လောက် ကြမ်းရှသော၊ အ နည်းငယ်ရှည်လာပါက အဖျားတွင် တွန်
့ခေါက်သွားတတ်သော ဆံပင်းမျိုးသာရှိသည်။ ကျွန်မ ကိုဦးကို ခေါင်း
လျှော်ပေးတဲ့ အခါ ကိုဦးက မောင့်လို ဘယ် နားလေးကို တော့ နှိပ်ပေး၊
ဒီနားတော့ယားတယ်၊ ဆံပင်တွေ ကို အတင်းကြီးမဖြီးနဲ့ နော် လို့  ကျွန်မကို ဆရာ
မလုပ်ပဲ အသာလေးငြိမ်သက်နေတတ်သည်။ ကိုဦးဆံပင်တွေကို ဖြီး ပေးတဲ့ အခါ သူ
့ဆံပင်တွေဟာ ဘီးနောက်ကိုလိုက်မည်ထက် ဘီးကိုကျစ်လိမ်၍ ဆွဲထား တတ်သော
ဆံပင်မျိုး ဖြစ်လေသည်။
ကိုဦး၏ နက်မှောင်သောမျက်ဝန်းတွေသည် ကျွန်မမျက်ဝန်းမှသည် ရင်ထဲအထိ
ထိုးဖောက် မြင်နိုင်သောမျက်လုံး မျိုးဖြစ်သည်။ သို့ သော် တည်ကြည်၍
ကြင်နာတတ်သော ဒီမျက်ဝန်း ပိုင်ရှင်တို့ သည် သူတို့ ရင်ထဲ ခံစားချက်တွေ ကို
တစ်ပါးသူမသိမြင်အောင် ဟန်ဆောင်ဖုံး ကွယ်ထားနိုင်လွန်းကြသည်။
မောင့် မျက်နှာသည် ကိုဦးလို ယောက်ျားဆန်လွန်းသောမျက်နှာ မျိုးမဟုတ်။
မောင့်မျက်နှာ သည် မုတ်ဆိတ် ပသိုင်းကင်းစင်လျက် နုညက်သည်။ ကိုဦး၏
မျက်နှာကတော့ ဒေါင့်ချိုး တိုင်းတွင် မုတ်ဆိတ်မွှေးပသိုင်းမွှေး တို့ 
ကိုစနစ်တကျ ရိတ်ပယ် ထားသဖြင့် စိမ်းစိုလို့ နေ သည်။ ကိုဦးမျက်နှာက
မောင့်မျက်နှာလို မချိုပေမယ့် ကိုဦးရဲ့  တည်ကြည်မှုတွေက ကျွန်မ ရင်ထဲ မှာ
ယုံကြည့်အားကိုးမှုတွေကို ပေါက်ပွားလာစေတယ်။
ကျွန်မလေ မောင့်ချစ်သူဘဝမှာ မောင့်ရဲ့ချောမောလှပမှုကြောင့်
ကျွန်မရင်ခွင်ထဲကနေ မောင်ထွက်သွားမှာ ကျွန် မကိုထားခဲ့ ပြီ မောင် တခြားသော
မိန်းမတစ်ယောက်ရဲ့ ရင်ခွင် ကိုရောက်သွားမှာ ရူးသွပ်မတတ် ပူပင်ခဲ့ ရသည်။
မောင်ရဲ့  ဖော်ရွေမှုတွေကြောင့် ကျွန်မနဲ့ မောင် အကြိမ်ပေါင်းများစွာ
ရန်ဖြစ်ခဲ့ ရသည်။ မောင့်ရင်ခွင်မှာ ရှိစဉ်က မောင့် အချစ်တွေ ထက်
မောင့်ကိုဆုံးရှုံးရမှာကို စိုးရမ်ရတဲ့ ခံစားမှုတွေနဲ့ ပဲ ကျွန်မစိုးရွ
ံ့ထိတ်လန့် နေခဲ့ရ သည်။
မောင့်နှုတ်ခမ်းတွေသည် ယောကျာ်းတစ်ယောက် အတွက်ပါးလျလွန်း သည်။ သို
့သော် ကျွန်မ အဲဒီမောင့် နှုတ်ခမ်းရဲ့ အနမ်းချိုချိုတွေအောက်တွင်
အသိပျောက်လုမတတ် ရူးသွပ် မိန်းမောခဲ့ ရသည်ပဲလေ။ မောင့်ရဲ့ ဖြူနွဲ့  တဲ
့ဟန်ပန်တွေ ၊ ပူနွေးချိုမြတဲ့ အနမ်းတွေ၊ ကဗျာ ဆန်တဲ့ မောင့်စကားတွေ၊
မောင်ရယ်မောလိုက်ရင် ကျွန်မ ဘဝကြီး တစ်ခုလုံး ပြုံးပျော်သွား သလို
တောင်ခံစားခဲ့ ရသည်။
ကိုဦးက မောင့်လို မနူးညံ့ပါ။ မောင်ဆိုပြသောသီချင်းတွေ မဆိုထားနှင့်
သူအလွန်ကြိုက်နှစ် သက်ပါသည် ဆို သော သီချင်းတစ်ပုဒ်ကိုပင်
ဖြောင့်အောင်ဆိုပြတတ်သူမဟုတ်။ ဂီတာတီး ၍ သီချင်းဆိုပြ ဖို့ ဆိုသည်မှာတော့
ကိုဦး ဘဝတွင် တွေးတောင်တွေးဖူးမည်မဟုတ်ဟု ကျွန်မထင်သည်။ မောင်
ဂီတာတီးပြီးသီချင်းဆိုလိုက် ရင် ကျွန်မ မောင့်အသံနောက်သို့ စီး
မျော၍ပါသွားတတ်သည်။ မောင့်ဂီတာတီးသော လက်သွယ်သွယ်တွေသည် ကျွန်မ မျက် လုံး
ထဲတွင် ညင်သာစွာကခုန်နေတဲ့ ကချေသည်တွေလို။
မောင်မျက်လုံးလေး မှေးစင်းလျက် သီချင်းညည်းနေ ပုံသည်
ကျွန်မမျက်လုံးထဲမတော့ အ ပြစ် ကင်းသော က လေးတစ်ယောက်လို။ သို့ သော်
ကိုဦးရင်ခွင်ကိုမှီနွဲ့ ရင်း ဗီစီဒီကာရာ အိုကေတွေနားထောင် ရတဲ့အခါကျပြန်
တော့ ကိုဦးက ကျွန်မဆံပင်တွေကို ညင်ညင်သာ သာ ပွတ်သပ်ပေးနေတတ်သည်။ ကျွန်မသည်
ကိုဦး၏ အ ကြင်နာတွေအောက်တွင် အပြစ် ကင်းသော ကလေးတစ်ယောက်လို
အိပ်ပျော်ချင်ခဲ့ ပါသည်။
ကျွန်မ ရူးမတတ် ချစ်လှပါသော မောင့်ကို ထားပြီး ကိုဦးရဲ့ ရင်ခွင်ကို
ဘာလို့ များ ကျွန်မခို ဝင်ခဲ့ ပါသနည်း။ ကျွန် မသူငယ်ချင်းအားလုံးက
ဘာဖြစ်လို့ လဲ ဟူသောမေးခွန်းကိုမေး တိုင်း ကျွန်မ ရင်တွေနာကျင်ခဲ့ ရသည်။
ကျွန်မ မောင့်ကို အရာအားလုံးထက်ပိုပြီးချစ်ခဲ့ပါ သည်။
မောင့်မျက်လုံးတွေကိုချစ်သည်။ မောင့်အနမ်းတွေကို ချစ်သည်။ မောင့်
ရင်ခွင်ကို စွဲလမ်းမိခဲ့သည်။ မောင့် ဂီတတွေ မောင့်သီချင်းတွေနဲ့ အတူ ကျွန်မ
မောင့်ရင်ခွင်မှာ မှေး စက် ခဲ့  ဖူးသည်။
မောင် ဟာကျွန်မဘဝမှာ အလိုအပ်ဆုံးလူ၊ မောင်ရှိရင် ကျွန်မ
တွင်အရာရာပြီးပြည့်စုံသည်။ ကျွန်မဘဝမှာ မောင် မရှိရင် မဖြစ်တော့ပါဘူးလို
့ကျွန်မသိလိုက်ချိန်မှာ ကျွန်မကို လက် ထပ်ဖို့ မောင့်ကို တောင်းဆိုခဲ့ သည်။
မောင်ကျွန်မရင် ခွင်ကနေ ထွက်သွားခဲ့ ရင်ဟူသော စိုးရိမ်မှုတွေကြောင့်
ကျွန်မအနားမှာ မောင် အမြဲရှိနေအောင် မောင့်တစ်မျက်နှာကို ကြည့် ပြီး
လက်ထပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့် ကျွန်မ မောင့်ကို အကဲခတ်မှားခဲ့ သည်။ ကျွန်မ ကိုလက်ထပ်ပါလို
့မောင့်ကို တောင်းဆိုချိန်မှာ မောင် ဘက်က ငြင်းဆိုမှုဆိုတာကို ကျွန်မထည့်
မတွက်ခဲ့ဘူးပေ။ မောင် ကသူ့ ကိုအချိန်ပေးပါလို့ ပြောခဲ့ ရင်တောင် ကျွန်မ
ခွင့်ပြုလိုက်ဖို့ ပြင်ဆင်ခဲ့ ပြီးပြီ။ ကျွန်မ အထင်တွေ လွဲမှားခဲ့ ရသည်။
မောင်သည် ကျွန်မနဲ့ အတူ ပျော်ရွှင် ခဲ့ သည်မှလွဲ၍ ကျွန်မ ကို
လက်ထပ်ပေါင်းသင်းဖို့ အသင့်ဖြစ်မနေခဲ့။
ကျွန်မရင်တွေ ကို တစ်စစီ ဆွဲစုတ်ပစ်လိုက်သလိုပင်ခံစားခဲ့ ရပါသည်။
မောင့် မျက်လုံးတွေ က တောင်းပန်မှုတွေ နဲ့ စိုးထိတ်နေပေမယ့် ကျွန်မ
မောင့်ကို အားကိုးတဲ့ စိတ်တွေကတော့ ပြိုကျပျက်ဆီးလို့ ကုန်သည်။ ကျွန်မ အ
သက်နှစ်ဆယ့်ရှစ်နှစ်ရှိခဲ့ပြီ။ မိဘတွေရဲ့ ပူပန်မှု တွေ၊ ကျွန်မဘဝအတွက်
လိုအပ်နေသော လုံခြုံမှုတွေ၊ မောင်နှင့် အတူ ဖဝါးခြေထပ် အတူ ရှိနေခဲ့ တဲ
့အချိန်ကတွေက ကျွန်မကို လက်ထပ်ဖို့ တွန်းပို့ လာခဲ့ ပြီလေ။
မောင့်မှာ ကျွန်မကို ချစ်တဲ့ အချစ်တွေကလွဲရင် ဘာမှကိုမရှိတာပါလား။
အနည်းဆုံးတော့ ကျွန်မ ယုံကြည့် အောင်ပဲဖြစ်ဖြစ် မောင်ကြိုးစားခဲ့ သင့်သည်။
ကျွန်မ မောင့်ကို ထားပစ်ခဲ့ ပါသည်။ နောက်ဆုံးအချိန်မှာ ကျွန်မ
မောင့်မျက်နှာကို မကြည့်ဖြစ်ခဲ့ ။ မောင့်မျက်ဝန်းတွေ ကို မြင်လိုက်ရရင်
မောင့်ရဲ့ ကြေကွဲ မှုတွေကို ရင်ဆိုင်လိုက် ရရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်
တံတိုင်းကြီး တဝုန်းဝုန်း ပြိုလဲကုန်မှာကို ကျွန်မသိနေခဲ့ ၍ ဖြစ်ပါသည်။
“ ပန်းဆု ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို မေ့ပစ်ဖို့ ဆိုတာ
ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်နားလည်ပါ တယ်။ စိတ်မှာ ကြိမ်ဖန်များစွာ
စွဲလန်းခဲ့ တဲ့ ခံစားချက်တွေကို ဖျောက်ဖျက် ပြစ်ရမယ် လို့ ကိုမပြောပါဘူး။
ပန်း ဆု ကိုနဲ့ လက်ထပ်လိုက် ရင် ပန်းဆုကို့ ကိုချစ် လာဖို့ ကကို့ တာဝန်ပဲ။
အတိတ်က ဖြစ်ခဲ့ တာတွေကို ပန်း ဆု မေ့သွားအောင် ကို အချိန် ယူပြီး
ကြိုးစားမယ်။ ပြီးတော့ ပန်းဆုကို ရော ပန်းဆုရဲ့ ဂုဏ်သိက္ခာကိုပါ ကို
ယုံကြည့် တယ်။ အဲတာတစ်ခု တည်းနဲ့ ပန်းဆုကို ကိုလက်ထပ်ဖို
့ဆုံးဖြတ်လိုက်တာ။”
ကိုဦး မျက်လုံးတွေက မောင့်မျက်ဝန်းတွေနဲ့ ခြားနားစွာ ယုံကြည့်မှုတွေနဲ
့တောက်ပနေ ခဲ့ သည်။ကျွန်မနဲ့ မောင် ပတ်သက်ခဲ့သည်တို့ ကို ကိုဦးက
လျစ်လျူရှုပေးနိုင်ခဲ့သည်။ ကိုဦး နှင့် လက်မထပ်မီ တစ်နှစ်တာသည် မောင့်
ရင်ခွင်မှ ပြေးထွက်လာသော ကျွန်မအတွက် မုန်တိုင်းထန်ထန် လေထန်ထန်နဲ
့အရူးတစ်ပိုင်းဖြစ်ခဲ့ ရသော နေ့  ရက်များဖြစ်ခဲ့သည်။ မောင့်ကို
သတိရစိတ်တမ်းတစိတ်တွေနဲ့  လမ်းခုလတ်ကနေ ပြန်လှည့်သွားရန် ကျွန်မ
အကြိမ်ကြိမ် စိတ်ကူးခဲ့ မိသည်။
သို့ သော် ကိုဦး သည် ပါရမီကောင်းသော ပန်းပုဆရာတစ်ယောက်လို ကျွန်မကို
ထုဆစ် ပေးခဲ့ သည်။ ကျွန်မ နွမ်းနယ်နေချိန်တွင်
ကိုဦးသည်အားဆေးတစ်ခွက်ဖြစ်ခဲ့ သလို၊ ကြေ ကွဲ နာကျင်နေချိန်တွင် ကျွန်မ
အယောင် ယောင်အမှားမှားနဲ့  ခေါင်းထားငိုရှိုက်ခဲ့ ရသော ရင်ခွင်ကိုလည်း
ပေးခဲ့သည်။ ကျွန်မ မောင့်ရင်ခွင် ကထွက် ခွာလာအပြီး တစ်နှစ်အကြာ တွင်
ကိုဦးနှင့်လက်ထပ်ခဲ့ ပါသည်။
ကျွန်မ၏ မင်္ဂလာဦးနေ့ ရက်များသည် ဘယ်တော့မှ ပြန်မလိုချင်လောက်အောင်
ခါးသီးနာ ကျင်မှုများနှင့် ပြည့်သိပ်လို့ နေသည်။ သို့ သော် ကိုဦး ၏
ရင်ခွင်သည် ကျွန်မ အတွက် အာ ဟာရဖြစ်စရာ ပျားသကာတွေ၊ ကျွန်မအမောပြေ
သောက်သုံးစရာ ရေချိုအေးတွေနဲ့ ၊ နွေး ထွေးလုံခြုံမှုတွေ
အေးမြသာယာမှုတွေဖြင့် ပြည်နှက် နေခဲ့သည်။
“ကို လေ ဒီတစ်သက်မှာ တစ်ခါမှ မချစ်ခဲ့ ဖူးဘူး။ ပန်းဆုကို မေမေ
ပြောတုန်းက တခြား မိန်းကလေးတွေ လိုပဲ အောက်မေ့ ခဲ့ မိတယ်။ ဒါပေမယ့်
ပန်းဆုကိုတွေ့ တော့ ကိုထင်တာ တွေ ကတခြားစီပဲကွ။ ပန်းဆု ကို ကိုချစ်မိ
သွားတာ ဘယ်တုန်းကမှန်းတောင်မသိဘူး။ ဟားဟား…ကိုသိတဲ့အချိန်မှာ ပန်းဆုက
ကိုယ့်ဇနီးဖြစ်နေပြီဗျာ..”
ကိုဦးရဲ့ ကမ္ဘာမှာ ကျွန်မပျော်လာပါသည်။ ကျွန်မ
ဟာပန်းတစ်ပွင့်ဖြစ်တယ်ဆိုရင် ကိုဦးဟာ ဥယျာဉ်မှူးတစ် ယောက် လို ပန်းတွေကို
ပွင့်လန်းစေသူဖြစ်သည်။ မောင့်ရဲ့ ရင်ခုန် လှိုက် မော ဖွယ်ရာ ရင်ခွင်တွင်
ကျွန်မပျော် ရွှင် ခဲ့ သလို ကိုဦး၏ နွေးထွေးလုံခြုံသောရင်ခွင်တွင်
ကျွန်မပြုံးလာနိုင်ခဲ့ ပြီ။ ဒါပေမယ့်ကိုဦး ကို ကျွန်မ တောင်းပန်ရ ဦးမည်။
မိုးလင်းတိုင်း အိပ်ရာနိုးတိုင်း ကျွန်မသတိရ သင့်သည့်သူမှာ
ကိုဦးဖြစ်နေသင့်ပါလျက်နဲ့ ကိုဦးရင်ခွင်မှာ အိပ်စက် လျက်
တပါးယောက်ျားတစ်ယောက်၏ ရင်ခွင်ကို (မသိစိတ်နဲ့ ဖြစ်စေ)တမ်းတ လွမ်းဆွတ်နေသော
ကျွန်မသည် ကိုဦး၏ ရင့်ကျက်တည်ကြည်မှု နား လည်ခွင့်လွှတ်မှုများအောက်တွင်
သိမ်ငယ်နေမိသည်။ ဗုဒ္ဓဘာသာ မြန်မာမိန်းမတစ် ယောက် အနေဖြင့် တစ်ပါးသော
ယေက်ျားကို ကာမပိုင်ရှိလျက်က အိပ်မက် မက်ခြင်းသည် ပင် အပြစ်
ကားကြီးမားလှပြီဖြစ်သည်။ ကိုဦး ခွင့်လွှတ်နေပါစေဦးတော့ ကျွန်မ ကို ကျွန်မ
ခွင့်မလွှတ်နိုင်။
“ ကို ကအသစ်အဆန်း လုပ်ရတာ သဘောကျတယ် ပန်းဆုရဲ့ ။ ကိုလေ လွန်ခဲ့ တဲ
့တစ်နှစ် လောက်က ဥယျာဉ်တစ်ခု စပြီးစိုက်ပျိုးခဲ့ တယ်။ ကိုစိုက်ပျိုးတဲ
့ဥယျာဉ်က အသီး အပွင့် တွေ နဲ့ ဝေဝေဆာဆာ ဖြစ်လာမယ်ဆိုတာ ကိုယုံ ကြည်ခဲ့တယ်။
ကို ကလေ ဖြူစင်နေတဲ့ ပန်းတစ်ပွင့်ကို ခူးရမှာထက်၊ လှပလွန်းလို
့ခူးဆွတ်သွားပြီဖြစ်တဲ့ ပန်းကို အရ ယူပြီး ကိုယ့် ရင်ခွင်မှာ
ဘယ်လိုလန်းဆန်းစေမလဲဆိုတာကိုပဲ စိတ်ကူးရင်ခဲ့တာ။ ဟားဟား…ကို က တော်
တော်ကြောင်တယ်နော်….ပန်းဆု…”
ကိုဦး ၏ခွင့်လွှတ်နားလည်သော၊ နေရောင်ကြောင့် နွမ်းနယ်နေသော ပန်းလို
ကျွန်မကို၊ လရောင်လိုအေးမြ သာ ယာမှုတွေပေးခဲ့သော၊ အကြင်နာတွေကြောင့်
မောင့်ကို တမ်းတ စိတ်တွေသည် တဖြည်းဖြည်း မှေး မိန်လာပါပြီ။ ဒါပေမယ့်
မောင်ရယ် မောင့်ကို လမ်းခွဲ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တုန်းက ပြောရတာလွယ်ကူ
သ လောက် မောင့် ကို မေ့ဖို့ က တော့ ကိုဦး သာ ဒီလောက် နားလည်မပေးခဲ
့ရင်ကျွန်မ သေပင်သေသွားနိုင် လောက် အောင် ခက်ခဲ လေးလံခဲ့ပါတယ်။
ကျွန်မ ကိုဦး ရင်ခွင်မှာ (ကိုဦးရင်ခွင်ပါလားဟူသော အသိစိတ်ဖြင့်)
ကိုဦး၏ စိမ်းညိုညိုမေး ဖျားကို အသာနမ်း လိုက် မိပါသည်။ ကျွန်မ နှုတ်ခမ်း၏
အထိအတွေ့ ကြောင့် ပြုံးရွှင်စွာ နိုး ထလာသော ကိုဦးက ကျွန်မကို အထူး တဆန်း
ငုံ့ ကြည့်သည်။ သူ့ ဇနီး ကျွန်မ ဒီကနေ့ ထူးခြားနေတယ်ဆိုတာ ကိုဦးသိသည်ပေါ့။
ကျွန်မ ရှက်ရွံ့ စွာ ကိုဦးရင် ထဲသို့ ခေါင်းထိုးခါ ကျွန်မပါးနှင့်
ထိကပ်လိုက်မိသည်။ ကိုဦး ရင်က နွေးထွေးနေသည်။ ကိုဦးရင်ခုန် သံ က
တိုးသက်သက် မှန်စွာကြားနေရသည်။ ကိုဦးရင်ခွင် ၏ နွေးထွေးမှုက
ကျွန်မပါးပြင်မှသည် တစ်ကိုယ်လုံး သို့  ပျံ့ နှံ့ သွားလေသည်။
ကိုဦး ကကျွန်မကို ခပ်တင်းတင်းဖက်တွယ်လိုက်ပြီး
လှိုက်ဖိုစွာရယ်မောလိုက်သည်။ ကျွန်မ ရယ်သံတွေက လည်း ကိုဦး ရယ်သံနဲ
့အတူစည်းချက်ကျစွာ ထွက်ပေါ်လာသည်။ ကိုဦးကို ကျော်၍ ပြတင်းတံခါးဆီမှ
ဝင်လာသော နေရောင်ခြည်နွေးနွေး တွေသည် ကိုဦး ရင်ခွင်နှင့် အပြိုင်
တောက်ပနွေးထွေးလို့ နေသည်။ ကျွန်မနဖူးကို ကိုဦးက ညင်သာစွာ နမ်းရှိုက်လိုက်
သည်။ ကျွန်မ မောင့်ကို တောင့်တမိခဲ့သော နံနက်ခင်းအချိန်များသည် ဤ နံနက်
ခင်းတွင် ဆုံးခန်းသို့ တိုင်ခဲ့ လေပြီတည်း။

Comments
Post a Comment