မိန်းမဥာဏ်ကောင်းပေလို့ (ဟာသ)
တစ်ခါတုန်းကရွာတစ်ရွာမှာ
လင်မယားနှစ်ယောက်ရှိရာ ယောက်ျားလုပ်သူက အလွန်ထုံအသတဲ့။
တစ်နေ့အိမ်မှာထမင်းချက်စရာထင်းကလည်းမရှိဆိုတော့ မိန်းမလုပ်သူက
သူ့လင်ကိုဆူတာပေါ့လေ။ ဒါနဲ့လင်ဖြစ်သူက" အင်း..ငါတော့ထင်းခုတ်
မသွားလို့တော့မဖြစ်တော့ဘူး" ဆိုပြီး နောက်နေ့မနက်စောစော
တောထဲထင်းခုတ်သွားသတဲ့။ သူ့မိန်းမကလည်း ထမင်းတွေဘာတွေထုပ်ပေးလိုက်ပြီး၊
သည်ယောက်ျားတော့ အိမ်အပြန် ထင်းများ ပါလာမလား
စောင့်ကြည့်ရသေးတာပေါ့ဆိုပြီးမှာစရာရှိတာမှာ၊ ပြောဆိုလွှတ်လိုက်သတဲ့။
တောထဲရောက်တော့ ကိုရွှေလင်က သစ်ပင်ဘေးငုတ်တုတ်ထိုင်ပြီးတော့"
အင်း..ငါတော့ထင်းတစ်စည်းရအောင်ဘယ်လိုခုတ်ရပါ့ နဲ့"အကြံအိုက်နေသတဲ့။
ဒီအခါမှာပဲခရီးသွားတစ်ယောက်ကလည်း မျက်စိလည်လမ်းမှားပြီး
သူထင်းခုတ်တဲ့အနားရောက်လာသတဲ့။ ထင်းခုတ်သမား မြင်တော့ အကြံရသွားပြီး "
ဗျို့ ဧည့်သည်..ဘာညာနဲ့နှုတ်ခွန်းဆက်တာပေါ့လေ..။ သည်တော့မှနှစ်ယောက်သား
လေပေးဖြောင့်ပြီးတော့ ဧည့်သည်ကလည်းလမ်းမှားလာတဲ့အကြောင်း၊
ထမင်းများလည်းဆာလှပြီဖြစ်ကြောင်း ပြောပြတာပေါ့.။ သည်အခါ ကိုထင်းခုတ်သမားက "
အာ..ထမင်းအတွက်တော့မပူပါနဲ့ခင်ဗျာ။ ကျွန်တော့်ကိုထင်းတစ်စည်းရအောင်သာ
ခုတ်ပေးပါ.." လို့ပြောသတဲ့။ သည်တော့မှ ဧည့်သည်ကလည်း "
ဒါများဗျာ..ခက်တာလိုက်လို့.." ဆိုပြီး ထင်းကိုကျွမ်းကျွမ်းကျင်ကျင်
ခုတ်သတဲ့။ ဒါကိုမြင်တဲ့ ကိုရွှေတောသားက " အင်း..သည်လူ အတော်ဥာဏ်ကောင်းတာပဲ။
ငါကတော့တုံးလိုက်တာ။ ထင်းတစ်စည်းတောင်ရအောင်မခုတ်တတ်ဘူး။
သည်လူကြီးနဲ့ငါ့မိန်းမနဲ့အိပ်ခိုင်းရရင်တော့ သားသမီးတွေလည်း
ဥာဏ်ကောင်းမှာပဲ...." နဲ့တွေးနေသတဲ့။ ဒါနဲ့ပဲ
ထင်းတစ်စည်းရတော့..ပါလာတာလေးတွေစားသောက်ပြီး၊ ကိုတောသားက
သူ့ဆုံးဖြတ်ချက်အတိုင်း ဧည့်သည်ကိုအိမ်ခေါ်သွားတာပေါ့..။
အိမ်ရောက်တော့.ထင်းစည်းလေးပစ်ချပြီး၊"မိန်းမရေ..သည်မှာဧည့်သည်
ပါလာတယ်ဟေ့ဟင်းကောင်းကောင်းနဲ့ကျွေးရအောင်ချက်ကွာ" နဲ့
ပြောသတဲ့.။သူကိုယ်တိုင်လည်း မိန်းမရဲ့မီးဖိုချောင်ထဲဝင်သွားပြီး တိုးတိုး
တိုးတိုးနဲ့"မိန်းမရေ..မင်း ငါနဲ့ပါလာတဲ့ဧည့်သည်ကို အထင်မသေးနဲ့ကွ။
သည်လူသိပ်ဥာဏ်ကောင်းတယ်။ အခုသည်ထင်းတွေတောင်သူခုတ်ပေးလို့ရလာတာဟေ့.." "
အဲဒါ မင်းသည်ညတော့ မင်းသူနဲ့အိပ်မှ ဖြစ်မယ်ကွ။ ဒါမှ
တို့ကလေးတွေဥာဏ်ကောင်းမှာ" လို့ပြောသတဲ့။ မိန်းမကတော့
မျက်လုံးအ၀ိုင်းသားနဲ့ တုံးလှတဲ့သူ့ချစ်လင်ကို ကြည့်နေသတဲ့။ ကိုရွှေလင်က
သူ့မိန်းမကို "ဘာမှသိပ် ထွေထွေထူးထူးစဉ်းစားမနေနဲ့ကွာ သည်လူ့ကို
ကြက်သားဟင်းနဲ့ထမင်းကျွေးမှဖြစ်မယ်.။ ငါရွာထဲကြက်သွားရှာလိုက်ဦးမယ်.ဟေ့။
မင်း ငရုပ်၊ ကြက်သွန်သာ ထောင်းနှင့်ထား" ဆိုပြီး ခါးကဓားတောင်မချပဲ
ရွာထဲအပြေးထွက်သွားသတဲ့။ ဧည့်သည်ကတော့ အိမ်ရှေ့ဘုရားစင်အောင်ထိုင်ရင်း
တောင်ကြည့်မြောက်ကြည့်ပေါ့လေ..။ ဒီတော့မှ မယားက မီးဖိုချောင်ထဲကနေ "
အင်း..ငါ့ယောက်ျားလုပ်ပုံနဲ့တော့ ငါ သူများမယားဖြစ်ရတော့မယ်.။ မဖြစ်ချေဘူး"
ဆိုပြီး အကြံနဲ့ ငရုပ်သီးထောင်းရင်း မျက်ရည်တွေကို
တရှုပ်ရှုပ်နဲ့ငိုလိုက်သုပ်လိုက်လုပ်နေသတဲ့။ ဒါကိုဧည့်သည်ကမြင်တော့."
ဟို..အစ်မကြီးဘာဖြစ်လို့များလဲခင်ဗျာ..ငရုတ်သီးစပ်လို့များလား။
ကျွန်တော်ထောင်းပေးရမလား.ဘာညာနဲ့ပြောသတဲ့။ သည်တော့မှ မယားလုပ်သူက "
မဟုတ်ပါဘူးဧည့်သည်ရယ်..ကျွန်မက ရှင့်အတွက်စိတ်မကောင်းဖြစ်မိလို့ပါ..။ "
လို့ပြောသတဲ့.။ ဧည့်သည်က "ဗျာ ဘာဖြစ်လို့များလဲခင်ဗျာ" ဆိုတော့
"ဟုတ်ပါတယ်ရှင်..ကျွန်မယောက်ျားဟာ.သည်လိုပဲ ဧည့်သည်တွေကိုခဏခဏ
အိမ်ခေါ်လာပြီး သူကကျွန်မကို ငရုပ်သီးထောင်းခိုင်း၊ အဲညဆိုရင်
အဲဒီကျည်ပွေ့နဲ့ ဧည့်သည်ရဲက(မရိုသေ့စကား) ဖင်ကို ထိုးတော့တာပါပဲရှင်" လို့
ပြောလိုက်တော့ ဧည့်သည်ကလည်း " ဟ..သည်လိုလား..။
သည်လိုဖြင့်မဖြစ်ချေဘူး.အမြန်ပြေးမှပဲဆိုပြီး အထုပ်အပိုးယူ၊ တစ်ကြိုးတည်း
လစ်တော့တာကိုး.။ ဧည့်သည်က အိမ်ဝကအထွက် လင်ဖြစ်သူကပြန်လာဆိုတော့
ဧည့်သည်ကိုမေးလည်းဘာမှမပြောတော့ဘူး။ ဒါနဲ့ လင်က မယားကို ဟေ့မိန်းမ
ဟိုဧည့်သည် ဘာကြောင့်ပြေးသွားတာလဲကွ။ မင်းမောင်းလိုက်သလား။
သည်လူသိပ်ဥာဏ်ကောင်းပါတယ်ဆိုမှကွာ။ "လို့ဆိုတော့..အော်ရှင်ဧည်သည်က
ကျွန်မငရုပ်သီးထောင်းနေတာကို လုပြီးထောင်းချင်တာကျွန်မက မလုပ်ပါနဲ့
သူများမြင်ရင်မကောင်းပါဘူးလို့ပြောလိုက်တာ ငရုတ်သီးမထောင်းရလို့
ဒေါကန်ပြီးထွက်သွားတာပဲရှင့်..ဘယ်တတ်နိုင်မလဲ" လို့မယားကပြန်ပြောတာပေါ့လေ.။
ဒီတော့ လင်က" ဟာသည်မိန်းမ
သည်ကျည်ပွေ့ကိုင်ချင်တာများပေးကိုင်လိုက်ရင်ဘာဖြစ်တာမှတ်လို့"
ပေးစမ်းအဲဒီကျည်ပွေ့ ဆိုတဲ့ပြီး ကျည်ပွေ့ဆွဲယူအိမ်ရှေ့အပြေးထွက်၊
ဧည့်သည်ကိုပြန်လာပြီး ငရုတ်သီးလာထောင်းဖို့လိုက်ခေါ်တာကိုး..။ ဧည့်သည်ကလည်း
လည်ကွက်လည်ကွက်သွားနေရာက ဟိုလူ ကျည်ပွေ့ကိုင် လိုက်လာတာမြင်တော့ "
ဟာ..သည်လူတော့ ငါ့ဖင်တကယ် ကျည်ပွေ့နဲ့ထိုးတော့မှာပဲတွေးပြီး
ပိုလို့သာပြေးသတဲ့။ ဟိုလူကလည်းအဝေးကနေ ဗျိုး..ကိုဧည့်သည်ခင်ဗျား
ငရုပ်သီးထောင်းချင်လာပြန်ထောင်းပါဗျာ..စိတ်မဆိုးပါနဲ့ဆိုကျည်ပွေ့ကိုပြလိုက်၊
ဟိုဧည့်သည်က ပြေးလိုက်နဲ့ နောက်ဆုံးဘယ်လိုမှ မမှီတော့မှ
အိမ်ပြန်လာခဲ့ရတော့သတဲ့။ အိမ်ကမယားက တော့ သူ့အကြံပိုင်သွားလို့
အိမ်ဝမှာပြုံးလို့ပေါ့။
Comments
Post a Comment