စိုစို စွတ်စွတ် အချစ်လေတံခွန်


ချစ် ချစ် ချစ် ချစ် ဆိုပြီး
စည်းချက်နဲ့ ခုန်နေတဲ့
နှလုံးသားကကြိုးကို 
ရင်ခုန်သံအသစ်တွေကပဲ 
သယ်ဆောင်ပေးတတ်တာမို့လား?
ယိမ်းနွဲ့နေတဲ့ အချစ်လေတံခွန်လို 
နှလုံးသားတွေ ဝေဆာနေတဲ့အရပ်မှာပဲ
ဝဲပျံချင်တဲ့ မြတ်နိုးမှုကိုတော့
ဘယ်သူက နားလည်ပေးနိုင်မှာလဲ?
ဒါကြောင့်ပဲ ထင်ပါရဲ့ …
အရင်တစ်ယောက်ထက်
နောက်တစ်ယောက်ကို (ဒါမှမဟုတ်) အခုတစ်ယောက်ကို
ပိုချစ်တတ်ဖို့
သင်ယူရင်းနဲ့ (ဒါမှမဟုတ်) လုပ်ယူရင်းနဲ့
သိပ်ချစ်တတ်တဲ့ လူတစ်ယောက်
ဖြစ်မှန်းမသိ ဖြစ်လာတယ်။
မှန်မှန်မှားမှား၊ မှားမှားမှန်မှန်
ရှုံးတဲ့ဖက်ကပဲ လျော်ကြေးပေးရတော့
မနှစ်မြို့ ဖွယ်ကောင်းတဲ့ လူတစ်ယောက်
ဖြစ်မှန်းမသိ ဖြစ်လာတယ်ပေါ့။
ကွဲ ကွဲနိုင်လွန်းလှတဲ့ အသည်း
အမှတ်ကို မရှိနိုင်ဘူးလို့ သမုတ်ကြတယ်လေ။
ရယ်သံလေး သုံးစွတ်လောက် ဖြန်းကြည့်မယ်
“ဟား ဟား ဟား”
ကြိုးမခိုင်တဲ့ လေတံခွန်တစ်ခု
ဒဏ်ရာ ဗလပွနဲ့ လွင့်မျောနေတဲ့အကြောင်းတော့
မေ့လိုက်ကြတာပေါ့။   ။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ