ဇာတ်လမ်းလေးတစ်ပုဒ်...........

အချစ်ကို လူတွေအားလုံးက တစ်ယောက်တစ်မျိုးစီ အဓိပ္ပယ်သတ်မှတ်တတ်ကြတယ် ...

အဲလိုပါဘဲ အချစ်ကိုရှာတွေ့ခဲ့တယ်လူတွေလည်းရှိတယ် ... အချစ်ကိုဥပက္ခာပြုမိ သွားတယ့် လူတွေလည်းရှိပါတယ်

အချစ်ကို တွေ့ရှိလျက်နဲ့ ကောက်ယူဖို့မေ့သွားတယ့် ကောင်မလေးတစ်ယောက်အကြောင်း ပြောပြမယ်နော်

2008 ရဲ့ တစ်လပိုင်းလောက်မှာ

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဟာ စတင်ပြီးတော့ခင်ခဲ့ကြတယ်

ကောင်လေးဟာ ကောင်မလေးကို စခင်ကတည်းက အရမ်းအလိုလိုက်ခဲ့ပါတယ်

ဒါပေမယ့် ကောင်မလေးဟာ ကောင်လေးကို အမြဲအနိုင်လိုခဲ့တယ်

ကောင်လေးက ကောင်မလေး အလိုရှိတာအားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်

ကောင်မလေး လိုတရ အရာအားလုံး ဖြစ်နိုင်အောင် ကောင်မလေးက အားလုံးလုပ်ပေးခဲ့ရှာ

တယ်.. ကောင်မလေးသိတာက သူ့လိုချင်တာ လုပ်ချင်တာတွေကို အမြဲစဉ်းစားခဲ့တယ်..

အဲဒီအတွက် ကောင်လေး စိတ်ညစ်ခဲ့ရတယ် .. ဘယ်လောက်ထိ စတေးခဲ့ရတယ် ဆိုတာ.

မသိခဲ့ရှာဘူး ... ကောင်မလေးရဲ့ အတွေးတွေက ... သူပျော်ချင်တာကို ဇွတ်လုပ်တတ်တယ်လေ ...

အဲဒီလိုနဲ့ သူတို့နှစ်ယောက် ချစ်သူ့ဖြစ်သွားခဲ့ကျတယ် ... ချစ်သူတွေသာဖြစ်

သွားကျတယ် အချိန်မှာ ကောင်မလေးက ကောင်လေးကို ချစ်မပြခဲ့ဘူးပါဘူး ...

သူ့ က တခြား ယောကျာင်္းလေး သူငယ်ချင်းတွေနဲ့ ရှုပ်တယ် .. နေချင်သလိုနေတယ်
.. သွားချင်သလိုသွားတယ် ... အဲဒီ သူ့ချစ်သူကောင်လေးက ဘယ်လောက်တောင် ကြေကွဲ

မယ်ဆိုတာ ကောင်မလေး တစ်ခါမှ မစဉ်းစားခဲ့ပါဘူး... ကောင်မလေးနဲ့ ကောင်လေး

ကြားမှာ ပြသာနာတွေ ခဏခဏတက်ခဲ့ပါတယ် ... အဲဒီလိုဖြစ်တိုင်း ကောင်မလေးကို

ကောင်လေးက ပြန်ပြီးချော့ခဲ့တာပါဘဲ ... ဒီလိုနဲ့ အမြဲဘဲ ကောင်လေးဟာ လူတွေနဲ့

ကင်းတယ့် ငိုနေရတာကိုတော့ ကောင်မလေး မသိရှာပါဘူး ... ကောင်မလေး အတွေး

တွေက အရမ်းကို ခလေးဆန်ခဲ့ပါတယ် ... သူထင်တာက သူချစ်သူကို သူအရာအားလုံး

ထက်ပိုင်တယ်ပေါ့ .. ကောင်လေးရဲ့စိတ်ကို သူပိုင်တယ် .. ကောင်လေး ရဲ့ အချစ်က

တကယ် အချစ်စစ်ဆိုရင် သူ့ကို ဘယ်တော့မှထားသွားမှာ မဟုတ်ဘူး ... သူ့ကို ဘယ်

တော့မှာ မုန်းမှာ မဟုတ်ဘူးလို့အမြဲတွေးခဲ့တယ် .. သူက ပြောင်းလဲနိုင်တယ့် လူစိတ်

သဘောကို ဘယ်တုန်းကမှ ထည့်မတွေးခဲ့ဘူး .. သူ့ချစ်သူကောင်လေးကိုလည်း
ပိုင်ဆိုင်စရာ ပစ္စည်းတစ်ခုလိုဘဲ.. သူဘာတွေ လုပ်လုပ် သူ့အမြဲပိုင်ရမယ်လို့
တွေးခဲ့တယ်လေ .. ကောင်လေး ရဲ့ ခံစားချက်တွေကို လျစ်လျူအမြဲရူခဲ့တယ် ...

တစ်နေ့မှတော့ ကောင်မလေး မမျှော်လင့်တာ တစ်ခု ကောင်မလေး ကြုံခဲ့ရတယ် ...

ကောင်လေးက ကောင်မလေးကို ပြောခဲ့တယ် .. မင်းကိုမုန်းတယ် .. လမ်းခွဲမယ် .. .

အဲလို ကြားလိုက်ရတယ့် အချိန်မှာ ကောင်မလေးဟာ ကမ္ဘာပျက်သလို ခံစားခဲ့ရတယ်

ကောင်လေးကို ဆုံးရှုံးလိုက်ရတော့မယ်လို့ သိလိုက်ရချိန်မှာ ...ကောင်လေးရဲ့ခံစားချက်

တွေကို သူ့နားလည်လာတယ် ... တခြားကောင်လေးတွေ သူ့ကို ဘယ်လောက်ဘဲရယ်

အောင်လုပ်နေပါစေ ... သူလိုရာ ဖြည့်ဆည်းပေးခဲ့တယ့် ကောင်လေးကို သတိရခဲ့တယ်

သူ့ကောင်လေး ရှိ ပြန်သွားဖို့ အရာရာကို ကြိုးစားခဲ့ပါတယ် ... ကောင်လေးက သူ့ကို

လက်မခံတော့ဘူး... သူဘယ်လောက်ဘယ် ပြောပြော ကောင်လေးက သူ့ကို နားမ

ထောင်ပေးတော့ဘူး ... သူ့ကို မုန်းတယ်လို့ဘဲ ... အခါခါ ပြောနေခဲ့တယ် ..
ကောင်မလေး ခမျာ ကောင်လေးကို ဘယ်လောက်တောင်ချစ်လဲဆိုတာ နားလည်လာခဲ့

တယ် .. သူ့အတွက် ဘ၀ကြီးက မျှော်လင့်ချက်မရှိသလို ဖြစ်သွားတယ်လို့ .. သူထင်လာ

ခဲ့တယ် ... ကောင်မလေး ရဲ့ မျှော်လင့်ချက်တွေဟာ .. တစ်နေ့ထက်တစ်နေ့ ပျောက်

ဆုံးခဲ့ရှာတယ် .. သူချစ်ရတယ့် ကောင်လေးကို မပိုင်ဆိုင်နိုင်ဘူး ဆိုတာလည်း ... သူသေ

ချာစွာသိလာခဲ့ရတယ်...

2009 နှစ်ရဲ့ နေ့စွဲတစ်ခုမှာ ကောင်မလေးဟာ သူ့ရဲ့ ကောင်လေးကို တခြားတစ်ယောက်

နဲ့ ချစ်သူဖြစ်နေတာ သူသိလိုက်ရတယ် ... ကောင်မလေး အရမ်းကိုရင်နာသွားခဲ့ရတယ်.

ကောင်မလေး ဘ၀မှာ ဘာမှမျှော်လင့်ချက်မရှိဘူးဆိုတာ သိခဲ့ရတယ်.. ကောင်မလေးက

အရာရာအားလုံးနဲ့ ဝေးတယ့်နေရာ တစ်ခုကို ထွက်သွားဖို့ သူဆုံးဖြတ်ခဲ့တယ်...

အဲဒီနောက်မှတော့

ကောင်မလေးဟာ အိပ်ဆေးတွေအများကြီးသောက်ပြီး ဆေးရုံကို ရောက်ခဲ့တယ် ...

ကောင်မလေးရှိကို ကောင်လေးရောက်လာခဲ့တယ် .. ကောင်လေးက ကောင်မလေး

လက်ကလေးကို ကိုင်ပြီး စကားတွေအများကြီးပြောခဲ့တယ် ....^^^

ငါ့ဘ၀မှာ မင်းကလွဲပြီးတခြားတစ်ယောက်ဆိုတာ မရှိခဲ့ပါဘူး

ငါ့ရဲ့ အချစ်တွေက အစကတည်းက စွန့်လွှတ်ပြီးသားပါ

မင်းဘာတွေဘဲလုပ်လုပ် င့ါကခွင့်လွှတ်ပြီးသားပါ

မင်းကိုငါ့အချစ်တွေနားလည်အောင် ခဏလေးထားခဲ့တာပါ

မင်းအခုလို မလုပ်သင့်ဘူးလေ

ငါတို့ နှစ်ယောက် ရှေ့ဆက်ရမယ့်နေ့တွေအများကြီးရှိသေးတယ်

ငါ့ချစ်တယ့် မင်းကို ငါ အခု တကယ်ဆုံးရှုံးရတော့မှာလည်း ...... ^^^

ကောင်လေး ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေပြည့်နှက်နေခဲ့တယ် ... ကောင်မလေး

ခုတော့ သိသွားပါပြီ .. သူကို ကောင်လေးက ချစ်သလို ... သူကလည်း ကောင်လေးကို

ချစ်တယ်ဆိုတာ ..... သူတို့ နှစ်ယောက် အချစ်ကို ထပ်တူတပ်မျှ တွေ့ရှိသွားချိန်မှာ...

ကောင်မလေးက ကောင်လေးနဲ့ အဝေးဆုံးနေရာ ကို ထွက်သွားခဲ့ပါပြီ ...

သူတို့ကို အပြင်လူတွေကြည့်ရင်တော့ သူတို့နှစ်ယောက် ဘယ်တော့မှာ မပေါင်းလိုက်

ပါဘူးလို့ထင်ကြမှာပါဘဲ ....

သူတို့ နှစ်ယောက်ရဲ့အချစ်တွေ ထပ်တူထပ်မျှကြပြီး ... နုလုံးသားနှစ်ခုကို တစ်ခုထဲ

ပေါင်းသွားနိုင်တာကိုတော့ .. ဘယ်သူ့မှ သိကြမှာမဟုတ်ပါဘူး ... ဘယ်လောက်ဝေး

ဝေး သူတို့နှစ်ယောက်ဟာ .. ဆုံမှတ်တစ်ခုဆုံပြီး .. ဘယ်တော့မှ မဝေးတော့မယ့် အချစ်

တွေကို ပိုင်ဆိုင်သွားကြတာပါ ...

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ