ချစ်သူ့လက်ဆောင်...........

လက်စွပ် တစ်ကွင်း

ဆွဲကြိုး တစ်ကုံးထက်

ချစ်သူအတွက်ဆို  .....

တစ်ကိုယ်လုံး စိန်စီပြီးရွှေချပေးချင်သူပါ .....။

နှင်းဆီ တစ်ပွင့်

စံပယ် တစ်ကုံးထက်

ချစ်သူအတွက်ဆို  .....

တစ်ပင်လုံးချွေ တစ်ကိုယ်လုံး ပန်ဆင်ပေးချင်ခဲ့တာ .....။

တေးသွား တစ်ပုဒ်

တောင်းဆုချွေတဲ့ ကဗျာတစ်ပိုဒ်ထက်

ချစ်သူအတွက်ဆို .....

မြတ်နိုးမိခဲ့တဲ့ ငါ့နှလုံးသားကိုပဲ လက်ဆောင်ပေးချင်သူပါ .........။       ။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ