နတ်သမီးနဲ့ သစ်ပင်အို.....
မြူးကြွနေတဲ့
သံစဉ် လှလှ
ယိမ်းနွဲ့နေတဲ့
ရောင်စုံကြားထဲ
စိတ်ထဲမပါ
ငါ မှာလူးလွင့်
ငါအတွေးနဲ့
ငါ ခန္တာတို့
တစ်ထပ်မကျ
စိတ်ထဲ မပျော်
အဖြေရှာရာ
ဝေးဝေးကတွေ့
ထူးခြားရိပ်သွင်
ငါ၏ အတွေး
ငါ့ ၏ စိတ်ကို
ခဏချင်းဆောင်
ချက်ချင်းညို့ငင်
သူမ ဆောင်ယူ
ဆွဲ ဆောင်လေသည်
နတ်သမီးလား
သူယောင်များလား
မိုးမှ ကြွေကျ
မြေမခပဲ
လှပလေသူ
ငါ၏ အသည်း
ငါ့ ၏ အတွေး
သူမ ပုံ၇ိပ်
သူ့ဟန်ပန်တို့
လွှမ်းမိုး ချေပြီ……
ကဲ မိုးကျသော
နတ်သမီးရေ
ကျွန်ုပ်နဲ့ တွဲ
ထို ပွဲ ကို လေ
အသင် ဆင်နွဲ
ပျော်ချင်ပါလော
သူမအဖြေ
ခါးကို ငြိမ့်ပြီး
လက်ချင်းယှဉ်တွဲ
စီးချက်ကျကျ
မီးရောင်လှများ
စီမံဝိုင်းရံ
ကကြိုးဆင်တူ
ချည်ကြချေပြီ……….
နတ်တို့၏ ဟန်
နတ် အသံကား
ကျွန်တော်ထိုည
ထိုခဏ၀ယ်
မယုံနိုင်ဖွယ်
ကြုံခဲ့လေရဲ့
ိသို့ပေမယ့်လည်း
ရင်ခွင်ကိုတိုး
ခပ်တိုးတိုးညည်း
ကျွန်တော့်ကိုဖယ်
သူမအဝေး ကို
လှလှလေးပြေး
ထွက်သွားချေပြီ………
ဘာကြောင့်ပါလိမ့်
အနီးတွင် ရှိ
သူမ ကိုယ်ပိုင်
ဖန်ဖိနပ်အား
ကျွန်တော်ကိုင်ရင်း
ငိုင်ငိုင်လေးကျန်ခဲ့မိသည်…………။
နတ်သမီးရေ…………
အခွင့် ရှိပါက
သင့် ကို ကျွနုပ်မြင်ခွင့် ရချင်ပါသေး၏……………….။
သံစဉ် လှလှ
ယိမ်းနွဲ့နေတဲ့
ရောင်စုံကြားထဲ
စိတ်ထဲမပါ
ငါ မှာလူးလွင့်
ငါအတွေးနဲ့
ငါ ခန္တာတို့
တစ်ထပ်မကျ
စိတ်ထဲ မပျော်
အဖြေရှာရာ
ဝေးဝေးကတွေ့
ထူးခြားရိပ်သွင်
ငါ၏ အတွေး
ငါ့ ၏ စိတ်ကို
ခဏချင်းဆောင်
ချက်ချင်းညို့ငင်
သူမ ဆောင်ယူ
ဆွဲ ဆောင်လေသည်
နတ်သမီးလား
သူယောင်များလား
မိုးမှ ကြွေကျ
မြေမခပဲ
လှပလေသူ
ငါ၏ အသည်း
ငါ့ ၏ အတွေး
သူမ ပုံ၇ိပ်
သူ့ဟန်ပန်တို့
လွှမ်းမိုး ချေပြီ……
ကဲ မိုးကျသော
နတ်သမီးရေ
ကျွန်ုပ်နဲ့ တွဲ
ထို ပွဲ ကို လေ
အသင် ဆင်နွဲ
ပျော်ချင်ပါလော
သူမအဖြေ
ခါးကို ငြိမ့်ပြီး
လက်ချင်းယှဉ်တွဲ
စီးချက်ကျကျ
မီးရောင်လှများ
စီမံဝိုင်းရံ
ကကြိုးဆင်တူ
ချည်ကြချေပြီ……….
နတ်တို့၏ ဟန်
နတ် အသံကား
ကျွန်တော်ထိုည
ထိုခဏ၀ယ်
မယုံနိုင်ဖွယ်
ကြုံခဲ့လေရဲ့
ိသို့ပေမယ့်လည်း
ရင်ခွင်ကိုတိုး
ခပ်တိုးတိုးညည်း
ကျွန်တော့်ကိုဖယ်
သူမအဝေး ကို
လှလှလေးပြေး
ထွက်သွားချေပြီ………
ဘာကြောင့်ပါလိမ့်
အနီးတွင် ရှိ
သူမ ကိုယ်ပိုင်
ဖန်ဖိနပ်အား
ကျွန်တော်ကိုင်ရင်း
ငိုင်ငိုင်လေးကျန်ခဲ့မိသည်…………။
နတ်သမီးရေ…………
အခွင့် ရှိပါက
သင့် ကို ကျွနုပ်မြင်ခွင့် ရချင်ပါသေး၏……………….။
Comments
Post a Comment