ကမ္ဘာကျော်ပန်းချီကား(၁၀)ကားရဲ့လျို့ဝှက်ချက်
ပန်းချီဟာ အာရုံခံစားမှုသက်သက်အတွက်သာမဟုတ်ပဲ ပန်းချီပညာရှင်တွေဟာ လောကနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှုတွေ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ယနေ့တိုင် အဖြေရှာမရတဲ့ ပန်းချီကားတွေထဲက နာမည်ကျော် ၁၀ ကို ဖော်ပြပေးလိုက်ပါတယ်။
မှားယွင်းနေတဲ့ နားရွက်
ဗင်းဆင့်ဗန်ဂိုးရဲ့ နားရွက်တဖက်ပြတ်သွားတဲ့ ဇာတ်လမ်းနဲ့ သူ့ပန်းချီဟာ နာမည်ကျော်ပန်းချီကားဖြစ်ပေမယ့် ပုံထဲမှာ ညာဖက်နားရွက်ပြတ်တဲ့ပုံကို ရေးဆွဲထားပေမယ့် သူဟာ အပြင်မှာ ဘယ်ဖက်နားရွက်ကို ဖြတ်ပစ်ခဲ့တာဖြစ်ပြီး ဒါကို ဘာကြောင့် ဒီလိုရေးဆွဲလဲဆိုတာ ဘယ်သူမှ ထင်မြင်ချက် မထုတ်နိုင်သေးပါဘူး။
အောက်ခံဆေးမှာ ပုံတပုံ
ပီကာဆိုရဲ့ အမျိုးသားတစ်ဦး ဂစ်တာတီးနေတဲ့ပန်းချီပုံကို X Ray နဲ့ ရိုက်ကြည့်တဲ့အခါ ခေါင်းတလုံးပိုနေတာတွေ့ရပြီး ပန်းချီဆရာရဲ့ လျှို့ဝှက်ခေါင်းဟာ ဘာကိုရည်ညွှန်းမှန်း မသိပေမယ့် အဓိပ္ပာယ်တခု မြုပ်ျနှံထားတာသချောပါတယ်။
ညမှာကြည့်ရင် မြင်ရမယ့် နေ့မြင်ကွင်း
Frans Banning Cocq နဲ့ Willem van Ruytenburch တို့ရဲ့ The Night Watch ပန်းချီဟာ ကမ္ဘာကျော်ဖြစ်ပြီး ညဖက်မှာ ကြည့်ရင် အလင်းပါတဲ့ ရုပ်စုံကို မြင်တွေ့ရမှာဖြစ်ပြီး နေ့ဘက်မှာကြည့်ရင် ညမြင်ကွင်းလို ပန်းချီကားမှာ ထူးဆန်းဖွယ် မြင်ရမှာဖြစ်ပါတယ်။
The Sistine Chapel ရဲ့ ခန္ဓာဗေဒဖော်ပြမှု ကုဒ်
ကမ္ဘာကျော်ပန်းချီဆရာ မိုက်ကယ်အိမ်ဂျလိုဟာ သူ့ရဲ့ အာဒံဆိုတဲ့ ဘုရားကျောင်းပန်းချီမှာ အာဒံရဲ့ လည်ပင်းနဲ့ မေးနေရာမှာ ဦးနှောက်ပုံစံ ထည့်သွင်းပြီး ပုံဖော်ခဲ့တာဖြစ်ပါတယ်။အောက်ပိုင်းကို မကြည့်ပဲ အပေါ်ပိုင်းပဲ ကြည့်မယ်ဆို ဦးနှောက်တလုံးကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်ပါတယ်။
သန်မာမှုရဲ့ သင်္ကေတ
အဆိုပါပုံကိုလည်း မိုက်ကယ်အိန်ဂျလိုက ရေးဆွဲခဲ့တာဖြစ်ပြီး လူငယ်ရဲ့ အသတ်အပုတ်အပေါ်မှာ သင်္ကေတကြီးတခုပြထားပြီး ဟီဘရူးဘာသားစကားအရ Gimel လို့ခေါ်ပြီး သန်မာသောလို့ အဓိပ္ပာယ်ရပါတယ်။
Rembrandt ရဲ့ ပန်းချီထဲက မတူညီတဲ့မျက်လုံများ
ဝတ်လုံတော်တဦးရဲ့ ပုံကို Rembrandt ဟာ ရေးဆွဲထားပြီး မျက်လုံးကို တဖက်နဲ့ တဖက်မတူအောင် ဆွဲခဲ့တာဖြစ်ပါတယ်။လောကအမြင်ကို တဖက်က 2D နဲ့ ကြည့်ပြီး တဖက်က 3D နဲ့ ကြည့်သူသာ ပြည့်စုံသူဖြစ်ပြီး အမြင်တမျိုးပဲ ရှိရင် လောကမှာ မပြည့်စုံနိုင်ဘူးလို့ ပုံဖော်ထားတာဖြစ်ပါတယ်။
ချစ်သူတွေရဲ့ ကလဲ့စား
Gustav Klimt က Adele Bloch-Bauer ကို သရုပ်ဆောင်ခိုင်းပြီး ရေးဆွဲခဲ့တဲ့ ပန်းချီကားဖြစ်ပါတယ်။သူ့အမျိုးသားရဲ့ အရိပ်လွှမ်းမိုးခံနေရတဲ့ အားငယ်ကြောက်ရွံ့ဖွယ်မိန်းမချောလေးပုံရေးဆွဲထားပြီး အမျိုးသမီးတေါရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေကို ဖော်ပြမှုဖြစ်ပါတယ်။
ကမ္ဘာပျက်မယ့် ဟောကိန်း
Sabrina Sforza Galitzia ဆိုတဲ့ အီတလီမှ သုတေသနပြုသူဟာ လီယိုနာဒို ဒါဗင်ချီရဲ့ ပန်းချီကားဖြစ်တဲ့ ခရစ်တော်ရဲ့ နောက်ဆုံးညစာမှာ သူ့သာဝကတွေရဲ့ လက်လှုပ်ဟန်တွေကို မှတ်သားတဲ့အခါ ဂီတ နုတ်တွေ ရရှိတဲ့အကြောင်းဖော်ပြထားတာဖြစ်ပါတယ်။အဆိုပါ ဂီတနုတ်ကို ပုံဖော်တဲ့အခါ ကမ္ဘာဟာ March 21,4006
အဝါရောင် ကမ္ဘာ
ဗင်းဆင့်ရဲ့ လောင်ကျွမ်းမှုတွေနဲ့ အာရုံခံစားမှုတိုင်းဟာ အဝါဖြစ်ပါတယ်။ပရော်ဖက်ဆာ ပေါလ်ဝေါ့ရဲ့ ရှင်းပြချက်ကတော့ ဗင်းဆင့်ရဲက ဝက်ရူးပြန်ရောဂါကြောင့် အရောင်ခွဲခြားရာမှာ သူဟာ အဝါကိုသာ ခွဲနိုင်တော့တဲ့အတွက် နောက်ပိုင်းပန်းချီကားတွေမှာ အဝါကို သုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မိုဇက်နဲ့ ပန်းရံလုပ်သားများ
အဆိုပါ ကလေးငယ်ဟာ စန္ဒယားရှေ့မှာ ဝတ်ကောင်းစားလှနဲ့ ရပ်နေပေမယ့် သူဟာ ပန်းရံလုပ်သားငယ်တဦး လက်တဖက်က သင်္ကေတပြပြီး လက်တဖက်ကို ဝှက်ထားတာဖြစ်ပါတယ်။ဒါဟာ လျှို့ဝှက်တဲ့ လူ့အဖွဲ့အစည်းနဲက အယောင်ဆောင်ခမ်းနားမှုတွေကို ဖော်ပြထားခြင်းလို့ ပညာရှင် အချို့က သုံးသပ်ကြပါတယ်။
(www.cantwait2say.com) ပြောချင်လွန်းလို့ မှ တင်ဆက်သည်
Comments
Post a Comment