ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရမှုအတွက် ထိပ်သီးယူဆချက် (၈)ချက်

ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရမှုအတွက် ထိပ်သီးယူဆချက် (၈)ချက်

ဂျွန်အက်ဖ်ကနေဒီဟာ အမေရိကန်နိုင်ငံရဲ့ (၃၅) ယောက်မြောက် သမ္မတဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်မြို့မှာ ကားနဲ့လှည့်လည်နေစဉ်အတွင်း စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ် လုပ်ကြံခံရပြီး၊ နေရာမှာပင် သေဆုံးခဲ့ပါတယ်။ သူရဲ့ သေဆုံးမှုဟာ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှာ ဖြစ်ပြီး ကနေဒီကို လုပ်ကြံခဲ့တဲ့ Lee Harvey Oswald ကလည်း ဖမ်းဆီးခံရပြီး (၂)ရက်အကြာမှာ လုပ်ကြံခံရတဲ့အတွက် အဓိကအကြောင်းအရာကို ခုထိမသိလိုက်ရပါဘူး။ ဒါကြောင့် အခုအချိန်ထိ စုံစမ်းစစ်ဆေးမှုတွေကရှိနေဆဲ၊ ထင်မြင်ယူဆချက်တွေက ရှိနေဆဲပါ။ ဒီအထဲကမှ ထိုစဉ်က ထွက်ပေါ်ခဲ့တဲ့ ထိပ်သီးယူဆချက် (၈)ခုကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်မြင်သက်သေတွေ သေဆုံးမှု

သမ္မတသေဆုံးတာကို မြင်တွေ့လိုက်ရတဲ့ မျက်မြင်သက်သေရာနဲ့ချီဟာနောက်ပိုင်းမှာ သံသယရှိဖွယ် အနေအထားတွေနဲ့ သေဆုံးခဲ့ရပါတယ်။ ၁၉၇၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Executive Action ဇာတ်ကားကလည်း ဒီအကြောင်းကို အသားပေး ဖော်ပြထားပြီး၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ စာရင်းအရ မျက်မြင်သက်သေ (၁၀၃) ယောက် ဆက်တိုက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(၂) ဆိုဗီယက်ယူနီယံရဲ့ လုပ်ကြံမှု

အများစုကတော့ ဒီလုပ်ကြံမှုကို ဆိုဗီယက်က ပြုလုပ်ခဲ့တာလို့ ယုံကြည်ကြပါတယ်။ ထိုစဉ်က ဆိုဗီယက်ခေါင်းဆောင် နီကီတာကရုရှက်ဖ်ဟာ Cuban Missile Crisis အရေးမှာ အရှက်တကွဲဖြစ်နေပြီး အမေရိကန်နဲ့ တင်းမာမှုတွေ ဖြစ်နေချိန်ပါ။ ဒီအခြေအနေကလည်း ထည့်သွင်းတွက်ချက်ရမယ့် အချက်ပါဘဲ

(၃)  သမ္မတ Lyndon Johnson က လုပ်ကြံဖို့စီစဉ်ခဲ့

အမေရိကန်ရဲ့ (၃၆)ယောက်မြောက် သမ္မတ Lyndon က သမ္မတကနေဒီကို လုပ်ကြံခဲ့တာလို့လည်း စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။ သူဟာ ကနေဒီသေဆုံးပြီးနောက် သမ္မတနေရာကို ဆက်ခံခဲ့သူပါ။ တခြားသတင်းရင်းမြစ်တွေမှာတော့ Lyndon ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကြံတာလို့ ဆိုပါတယ်။

(၄) Jackie Kennedy က လုပ်ကြံတာ

ဒီဖြစ်ရပ်မှာ နောက်ထပ် သံသယရှိစရာတစ်ဦးကတော့ ကနေဒီကတော် ဂျက်ကီဖြစ်ပါတယ်။ သူမဟာ သမ္မတကို လုပ်ကြံမှုမှာ နောက်ကွယ်က ပတ်သက်နေတယ်လို့ ယုံချင်စရာအချက်တွေ တွေ့ရှိခဲ့ပါတယ်။ တစ်ချို့က သူမရဲ့ ပန်းစည်းထဲမှာ သေနတ်တစ်လက်ပါတယ်လို့တောင် ဆိုပါတယ်။ အများစုကတော့ ဂျက်ကီဟာ တစ်ခြားပုဂ္ဂိုလ်ရေးပြဿနာတွေ နိုင်ငံရေးအရ အမြတ်အစွန်းရနိုင်မှုတွေကြောင့် ခင်ပွန်းဖြစ်သူကို လုပ်ကြံတာလို့ ယူဆခဲ့ပါတယ်။

(၅) ဒရိုင်ဘာရဲ့ ပါဝင်ပတ်သက်မှု

အဲဒီလုပ်ကြံမှုမှာ ဒရိုင်ဘာကိုလည်း သံသယရှိနေကြပါတယ်။ သူဟာ လူထောင်ပေါင်းများစွာရဲ့ရှေ့မှာ ရှိနေပေမယ့်၊ သမ္မတလုပ်ကြံခံရချိန်မှာ သူကလည်း သေနတ်ကို စွဲထုတ်ခဲ့တယ်လို့ ဆိုကြပါတယ်။

(၆) CIA က လုပ်ကြံခြင်း

CIA ဟာ အမေရိကန်မှာ တစ်ခုခုဖြစ်တိုင်း တစ်ခြားသူတွေကို ပြစ်တင်ဝေဖန်လေ့ရှိတဲ့ အဖွဲ့တစ်ခုပါ။ ဒါ့အပြင် သမ္မတ ကနေဒီကို လုပ်ကြံခဲ့တဲ့ Lee Harvey Oswald ဟာ CIA မှာ အလုပ်လုပ်ခဲ့ဖူးသူလို့ သိရပြီး၊ ဒီလုပ်ကြံမှုမှာ CIA က တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

(၇) သက်တော်စောင့်က လုပ်ကြံတာ

ဒီယူဆချက်ကတော့ လက်တွေ့နဲ့အလှမ်းဝေးခဲ့ပါတယ်။ ဒီယူဆချက်ကို လက်နတ်ကျွမ်းကျင်တွေဆီက ထွက်ပေါ်လာတာဖြစ်ပြီး၊ သက်တော်စောင့်က သေနတ်နဲ့ မတော်တဆပစ်ခတ်မိတာလို့ ဆိုပါတယ်။ ဒီအကြောင်းကို Mortal Error ဆိုတဲ့ စာအုပ်ထဲမှာ အသေးစိတ်ထည့်ရေးခဲ့လို့ ကနေဒီရဲ့ အထူးအေးဂျင့်တွေက တရားစွဲဆိုခဲ့ပါတယ်။

(၈) ထီးအနက်နဲ့ အမျိုးသား

သမ္မတယာဉ်တန်း ဖြတ်နေချိန်မှာ ထီးကို ပိတ်ချည်ဖွင့်ချည် ပြုလုပ်နေတဲ့ အမျိုးသားတစ်ယောက်လည်း အနီးအနားမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်က မိုးလည်း ရွာမနေပါဘူး။ ဒီအခြေအနေဟာ အလွန်သံသယ၀င်စရာ အချက်ဖြစ်ပါတယ်။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ