ဆုံးဖြတ်ချက်ဘာ့ကြောင့်မပျက်သားတာလဲ

သင် ကိုယ့်တိုင်ဆုံးဖြတ်ချက်ကို မချနိုင်ရတာဟာ ဒီအကြောင်းရင်းတွေကြောင့်ပဲဖြစ်ပါတယ်။

(၁) တစ်စုံတစ်ယောက်က သင့်အတွက်ဆုံးဖြတ်ချက်ချပေးနေလို့

တစ်စုံတစ်ယောက်ဆိုတာထက် သင့်ရဲ့ မိဘတွေက သင့်အတွက် ဆုံးဖြတ်ချက်ချပေးနေတယ်လို့ပြောတာမှန်ပါလိမ့်မယ်။ ငယ်ကတည်းက ကိုယ့်ကို ဆုံးဖြတ်နိုင်ခွင့်မပေးခဲ့ဘူး။ အဲ့ဒါကြောင့် ကိုယ်ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်တောင် မိဘမပါရင် မဆုံးဖြတ်နိုင်တော့ဘူး။ ငယ်ကတည်းက မိဘကပဲ ဆုံးဖြတ်ပေးခဲ့တော့ မိဘမပါတော့ရင် မဆုံးဖြတ်တတ်တော့ဘူး။ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်တောင် မလုပ်တတ်တော့ဘူးဖြစ်သွားတယ်။ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်တောင် မိမိဘာသာ မဆုံးဖြတ်တတ်တော့ဘဲ မိဘကို ပြန်တိုင်ပင်ပြီးမှ ဆုံးဖြတ်နိုင်တော့တာမျိုးဖြစ်သွားတယ်။

(၂) တခြားလူရဲ့ အမြင်ကို စိုးရိမ်နေလို့

ကိုယ့်ရဲဆုံးဖြတ်ချက်ကို တခြားလူက ဘယ်လိုတွေးမလဲ၊ ဘယ်လိုမြင်မလဲ ဆိုတာကို စိုးရိမ်နေလို့ မပြတ်သားရတာပါ။ ကိုယ်ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ်မှာ လူတွေရဲ့ အကြည့်တွေ၊ ပတ်ဝန်းကျင်ရဲ့အမြင်တွေကို စိုးရိမ်နေတာကြောင့်လည်းပါပါတယ်။

(၃) ဆုံးဖြတ်ချက်ချဖို့ မရဲလို့

ဆုံးဖြတ်ချက်ကို ချဖို့ မရဲတာဟာ တစ်စုံတစ်ခုကို ပူပန်နေလို့ပါ။ ကိုယ့်ချ လိုက်တဲ့ ဆုံးဖြတ်ချက် မှားသွားမှာကို ပူပန်နေလို့ပါ။ မှားသွားရင် မှားသွားတဲ့နောက်ဆုံးရလဒ်ကို မရင်ဆိုင်ရဲလို့ တစ်ခုခုကိုဆို ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား မချရဲတာပါ။

(၄) အတွေးလွန်နေလို့

သူများအကူအညီမပေးဘဲ မိမိဘာသာ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာ ဘယ်လိုမျိုးတွေထိ ဖြစ်လာတော့မှာ ဆိုတာမျိုးနဲ့ အတွေးလွန်နေတတ်လို့ပါ။ အမှားကြီးကို ဆုံးဖြတ်ချက်လိုက်မိရင်ရော ဆိုတဲ့ အတွေးတွေ နဲ့ အတွေးလွန်နေလို့ပါ။

(၅) မျှော်လင့်ထားတဲ့ ရလဒ်မဟုတ်မှာ စိုးလို့

တစ်ခါတစ်လေ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်မှား သွားတာတွေ ဖြစ်မှာကြောက်လို့။ ကိုယ့်မျှော်လင့်ထားတဲ့ ရလဒ်မရမှာစိုးလို့ ဆိုပြီး ရဲရဲဝံ့ဝံ့ မဆုံးဖြတ်ရဲတာပဲဖြစ်ပါတယ်။ လူတိုင်းကတော့ အမှားနဲ့မကင်းကြပါဘူး။ဘယ်သူမှာ ပြည့်စုံမနေကြဘူး။ အဲ့ဒါကြောင့် ဆုံးဖြတ်ချက် အမှားချလိုက်မိတယ်ဆိုရင်တောင် အမှားထဲကနေ သင်ခန်းစာပြန်ယူပါ။ ဘာကြောင့်ပဲဖြစ်နေဖြစ်နေ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်ပါနော်။ အဲ့ဒါမှ နောက်ဆို ဆုံးဖြတ်ချက်ကို ကောင်းကောင်းချ တတ်သွားမှာပါ။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ