သင်မသိသေးတဲ့ အမေရိကန်လျို့ဝှက်အဖွဲအစည်းတွေရဲ့နောက်ကွယ်ကအကြောင်း



အမေရိကန်ရဲ့လျို့ဝှက်အဖွဲ့အစည်းတွေမှာ သင်မသိတဲ့၊သတိမထားမိတဲ့ နောက်ကွယ်က အကြောင်းအရာတွေ မြောက်များစွာရှိပါတယ်။ရုပ်ရှင်တွေထဲမှာတော့ ဒီအဖွဲ့အစည်းကလူတွေဟာ မျက်မှန်မည်းကြီးတွေတပ်ထားလေ့ရှိပြီး နားကပ်ပါပန်ထားတာကို တွေ့မိကြမှာပါ။ဒီတစ်ခါမှာတော့ သူတို့ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ဖွဲ့စည်းထားသလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

1.လျို့ဝှက်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျွန်မတို့ထင်ထားတာက အရေအတွက်100ခန့်(သို့)အောက် လို့ထင်လေ့ရှိပါတယ်။ဒါပေမယ့် တကယ်တမ်းတော့ အထူးလေ့ကျင့်သင်ကြားထားတဲ့ လက်ရွေးစင်ပေါင်6း500ခန့်နဲ့ဖွဲ့စည်းထားတာပါ။

2.သမ္မတကိုတင် စောင့်ကြပ်ကာကွယ်ရတာမဟုတ်ပဲ သူတို့မိသားစုတွေ၊သမ္မတဟောင်းနဲ့သူ့မိသားစုဝင်တွေကအစ သူတို့ရဲ့ကာကွယ်မှုအောက်မှာ ရှိပါတယ်။နောက် သမ္မတရဲ့အထူးဧည့်သည်တော်တွေနဲ့ သမ္မတက ကာကွယ်စေချင်တဲ့သူတွေကိုကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။

3.အရေးကြီးတဲ့အခမ်းအနားတွေမစတင်ခင်အချိန်မျိုးမှာ သူတို့အနေနဲ့ ဖြစ်နိုင်ချေရှိတဲ့လုပ်ကြံမှုတွေအားလုံးအတွက် ကြိုတင်ပြီးအကြိမ်ကြိမ်လေ့ကျင့်ရပါတယ်။ဒီထရိန်နင်ကာလအတွက် ကျည်ဆံများလည်း သေချာထုတ်လုပ်ထားပြီး ရေထဲမှာတောင် ကျည်ဆံတွေကြား လွတ်လမ်းရှာဖွေတတ်အောင် သင်ယူရပါတယ်။

4.အယောက်စီတိုင်းက ဆေးပညာနဲ့ပတ်သက်ပြီးအခြေခံကျွမ်းကျင်ထားဖို့လိုသလို ဆေးရုံမရောက်မီ(သို့)လူနာတင်ကားရောက်မလာခင် အရေးပေါ်အသက်ကယ်နည်းတွေကို သိထားရပါတယ်။

5.သူလျိုတွေအနေနဲ့ အခြေခံဆေးပညာကို အသုံးပြုတတ်ဖို့လိုသလို လိုအပ်ရင်လိုအပ်သလို သွေးသွင်းပေးရပါသေးတယ်။လိုအပ်လာတဲ့အခါမျိုးမှာ အလှူရှင်ရှာနေစရာမလိုပဲ အရံသင့်သွင်းပေးနိုင်အောင် သမ္မအတွက် သွေးအပိုကို အမြဲတမ်းသယ်ဆောင်ထားရပါတယ်။

6.သမ္မတတွေမှာ ကုဒ်နာမည်ကိုယ်စီရှိကြပြီး လျို့ဝှက်အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထားတဲ့ ကုဒ်နာမည်တွေကို အသုံးပြုကြပါတယ်။

7.လျို့ဝှက်အဖွဲ့အစည်းရဲ့ စည်းကမ်းအရ သမ္မတကို တစ်ယောက်တည်း ဘယ်တော့မှချန်ထားခွင့်မရှိပါဘူး။တကယ်လို့ သမ္မတအနေနဲ့ တစ်ယောက်တည်းရှိနေချင်တဲ့အခါမျိုးမှာ သမ္မတရဲ့ဘဲဥပုံရုံးခန်းကြမ်းပြင်မှာ တပ်ဆင်ထားတဲ့sensorတွေအားဖြင့် လှုပ်ရှားမှု၊ဦးတည်ရာလမ်းကြောင်းကို ခြေရာခံနိုင်ပါတယ်။

8.သမ္မတဟာ တစ်ယောက်တည်းရှိမနေသင့်တာမို့ အမြဲအတူတူရှိနေရမယ့်သူတွေအနေနဲ့ သမ္မတရဲ့ဝါသနာများကိုလည်း ကျွမ်းကျင်ထားဖို့လိုပါသေးတယ်။ဥပမာအားဖြင့် သူမနက်ခင်းလမ်းလျှောက်မယ်ဆိုရင် လိုက်လျှောက်တာမျိုး၊တောင်အတူလိုက်တက်တာမျိုး၊စကိတ်စီးတာမျိုး… သူဖြစ်ချင်တဲ့အရာမှန်သမျှကို အလိုက်တသိ လိုက်ဖြည့်ဆည်းပေးဖို့လိုပါတယ်။

9.နောက် သမ္မတဟာ ကာကွယ်စောင့်ကြပ်သူမပါပဲ ဆေးရုံသွားလေ့မရှိတာမို့ သမ္မတအရေးကြုံတိုင်း ဘေးကနေ တဖဝါးမခွာ လိုက်ရပါတယ်။

10.အဖွဲ့ဝင်တွေဟာ မသင်္ကာမှုတွေကိုမှတ်တမ်းတင်ပြီး သဲလွန်စတွေဆွဲထုတ်ဖို့ အကူအညီပေးနိုင်တဲ့ ကင်မရာတွေကို အတတ်နိုင်ဆုံး များများအသုံးပြုပါတယ်။သမ္မတကနေဒီရဲ့လုပ်ကြံခံရမှုအပြီးမှာ ပိုပြီးတင်းကျပ်စွာစောင့်ကြပ်ဖို့ နည်းဗျူဟာတွေသုံးခဲ့ပါတယ်။

11.သမိုင်းအရ တာဝန်ထမ်းဆောင်နေတုန်း အသတ်ခံခဲ့ရတဲ့ အဖွဲ့ဝင်တစ်ယောက်ရှိခဲ့ပါတယ်။သူကတော့ Leslie Coffeltဖြစ်ပြီး 1950 Nov1မှာ Harry Trumanကို ကာကွယ်စောင့်ကြပ်နေတုန်း အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

12.ဒီလျို့ဝှက်အဖွဲ့အစည်းကို သမ္မတလင်ကွန်းအသတ်ခံခဲ့ရတဲ့နေ့မှာ အစပြုခဲ့တာဖြစ်ပါတယ်။အကြံပေးအရာရှိHugh McCullochကနေပြီးတော့ ဒီအဖွဲ့အစည်းတည်ထောင်ဖို့ အကြံပြုခဲ့တာဖြစ်ပြီး သူ့ရဲ့အကြံကို Apr14,1865မှာ သမ္မတလင်ကွန်းထံ တင်ပြခဲ့ပါတယ်။အဲဒီညမှာပဲ သမ္မတလင်ကွန်းသွားခဲ့တဲ့ ပြဇာတ်ရုံမှာ ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။

13.ရုပ်ရှင်တွေထဲမှာတော့ အဖွဲ့ဝင်တွေဟာ အနက်ရောင်ဝတ်စုံကြီးတွေနဲ့ မျက်မှန်နက်တွေတပ်ဆင်ကြပြီး လက်တွေ့အပြင်မှာတော့ သူတို့ရဲ့တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ မျက်မှန်လုံးဝမတပ်ပါဘူး။အကြောင်းရင်းက အလင်းရောင်မဲ့ခြင်းကြောင်ြ အရေးကြီးတဲ့အရာတွေကို မျက်ခြေပြတ်သွားမှာစိုးလို့ပါ။

14.အဖွဲ့ဝင်တွေရဲ့ လက်အနေအထားကို သေချဂရုပြုကြည့်မယ်ဆိုရင် လက်ချောင်းအနေအထားကွာသော်လည်း ခါးနားမှာပဲတင်ထားတာကို တွေ့ရမှာပါ။တစ်ခုတည်းသောအဓိပ္ပာယ်ကတော့ ပြန်လည်တုံ့ပြန်ဖို့ အဆင်သင့်အနေအထားပါပဲ။

Comments

Popular posts from this blog

တွတ်​ပီ စာအုပ်​များ

ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ စုစည်းမှု

ဝတ္ထုတို​ပေါင်းချုပ်​များ