Capacitor အကြောင်း
Capacitor
စတင်လေ့လာစ မိတ်ဆွေတွေ အတွတ် ရည်ရွယ်ပါတယ်
Capacitor ( ကယ်ပယ်စီတာ ) ဆိုသည်မှာ ဓါတ်ခဲကဲ့သို့ အားသိုလှောင်ခြင်း အားပြန်ထုတ်ခြင်းကို ယာယီပြုလုပ်ပေးသော အားသွင်းနိုင် အားပြန်ထုတ်နိုင်သော ပစ္စည်းတမျိုးပင်ဖြစ်သည် သူ၏ အရည်အခြင်းတခုမှ ဓါတ်ခဲကဲ့သို့ အချိန်အကြာကြီးအားသွင်းရန် မလိုပဲ ဗို့အားတခုနှင့် ဆက်လိုက်သည်နှင့် ချက်ခြင်း ပေးသွင်းဗို့ကို ရောက်ရှိသွားခြင်းပင်ဖြစ်သည် ယင်းကို Charging လုပ်ခြင်းဟုခေါ်ဆိုသည် ပစ္စည်းတခုခုဖြင့် ယင်းအားကိုပြန်စားသုံးလိုက်ပါက အားပြန်ထုတ်ခြင်း Discharging ဟုခေါ်ဆိုသည်
Capacitor ၏ အားသွင်းနိုင်ခြင်း တန်ဖိုးကို Capacitance ( ကယ်ပယ်စီတန့် ) ဖြင့်သတ်မှတ်ပြီး သင်္ကေတမှာ F ဖြစ်သော်လည်း F သည်အလွန်တန်ဖိုးကြီးမားသဖြင့် အမှန်တကယ်တွင် တန်ဖိုးငယ်သော တန်ဖိုး ( uf = ယူ အက်ဖ် ) ဖြင့်သာအသုံးများသည် အရှည်မှာ micro farad = မိုက်ခရိုဖဲရက်ဖ် ဖြစ်သည်
၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ AC မှာ DC ပြောင်းလဲရာတွင် DC စစ်စစ်ရစေရန် အဓိကအသုံးပြုပြီး အခြားသော Noise များ Ripple များ ပျောက်အောင်လဲ အသုံးပြုသေးသည် ယင်းကိုတန်ဖိုးဖတ်ရာတွင် မှတ်ရန် ၂ ချက်သာရှိသည်
၁ ခံနိုင်ရည် ဗို့အား နှင့်
၂ Farad တန်ဖိုး သာဖြစ်သည်
အချို့ Capacitor များ၏ ကိုယ်ထည်တွင် ခံနိုင်ရည် ဗို့အား နှင့် Farad တန်ဖိုးကို တိုက်ရိုတ်ဖော်ပြထားသော်လည်း အချို့တွင် Code များသာပါဝင်ပါတယ် ကိုယ်ထည်ပေါ်ရှိ တန်ဖိုးတိုက်ရိုတ်ဖော်ပြထားသော Capacitor များသည် ဖတ်ရတန်ဖိုးအတွတ် ကိစ္စမရှိသော်လည်း Code ဖြင့်ရေးသားထားသော ပစ္စည်းများအတွတ်မူ တန်ဖိုးဖြည်ချရန်လိုပေသည် တန်ဖိုးဖြည်နည်းမှာလည်း မခက်ပေ
Code နံပါတ် ၃ လုံးသာပါဝင်ပေပြီးရှေ့ ၂ လုံးမှ တန်ဖိုးဖြစ်၍ နောက်ဆုံး ၃ လုံးမြောက်မှ မြှောက်ကိန်းဖြစ်၏ မြှောက်ကိန်းဆိုသော်လည်း မခက်ခဲပေ 3 ကိုမြင်ပါက သုည ၃ လုံးကို ရှေ့မှတန်ဖိုး နှင့်ပေါင်းပေးလိုက်ရုံသာဖြစ်ပြီး နောက်ဆုံး Unit မှာ pf = pico farad ပီကိုဖဲရက်ဖ် ဖြင့်တပ်ပေးရမည် နမူနာ တလုံးလေ့လာကြည့်သောအခါ
104 ဆိုကြပါစို့
1 နှင့် 0 သည် ဖတ်ရတန်ဖိုး နောက်ဆုံးမှ 4 သည် သုည ၄ လုံးပေါင်းပေးလိုက်ရုံသာဖြစ်ပေမည်
10 + 0000 = 10 0000 pf ဟုတန်ဖိုးရမှာပါ
pf တန်ဖိုးသည် 10 to the power -12 ( 10 ^ -12 ) ဖြစ်သောကြောင့် uf တန်ဖိုးကိုအလိုရှိပါက 10 0000 pf ကို ဒဿမ ၆ လုံးရှေ့ပို့ပေးလိုက်ရုံသာဖြစ်မှာပါ ဒါကြောင့် ဖတ်ရတန်ဖိုး 10 0000 pf သည် 0.1 uf ဖြစ်လာပါတယ် uf သည် 10 to the power ( 10 ^ - 6 )
Electrolytic ကပယ်စီတာများတွင် အဖိုအမသတ်မှတ်ချက်ရှိပြီး အလွယ် DC ကပယ်စီတာဟုခေါ်ပြီး အချို့ ပစ္စည်းတွေကမူ အဖိုအမ သတ်မှတ်ချက်မရှိသောကြောင့် Non - Polar ဟု၎င်း AC Capacitor ဟု၎င်း ခေါ်ဆိုပြီး ယင်းကဲ့သို့ အဖိုအမသတ်မှတ်ချက်မရှိသော Capacitor များကို Condenser ကွန်ဒင်ဆာ ဟုလည်းခေါ်တတ်ကြသေးတယ် အဖိုအမ သတ်မှတ်ချက်ရှိသော ကပယ်စီတာများကို အမဘက်တွင် အဖြူရစ်တကြောင်းဖြင့်၎င်း အနက်ရစ်ဖြင့်တကြောင်း သတ်မှတ်ထားတတ်ချေသည်။
ကျန်းမာကြပါစေ
Comments
Post a Comment