အရည္အခ်င္းဆိုတာ

ကေလးတစ္ေယာက္ရဲ႕ စကားတစ္ခြန္းေၾကာင့္ အင္ဂ်င္နီယာႀကီးေတြ ကိုယ့္နဖူးကိုယ္ရိုက္

ဟိုတယ္ သူေ႒းတစ္ေယာက္က သူ႔ ဟိုတယ္ကို

ဓာတ္ေလွကား တပ္ခ်င္ေတာ့

ကြၽမ္းက်င္တဲ့ အင္ဂ်င္နီယာတစ္ေယာက္ကို ေခၚျပီး

အလုပ္အပ္တယ္.

အဲဒီ အင္ဂ်င္နီယာက သူ တပ္ရမယ့္

ဓာတ္ေလွကားအတြက္ အထပ္တိုင္းမွာ

အေပါက္ေဖာက္ရမွာျဖစ္တဲ့အတြက္

အထပ္တုိင္းကို လိုက္ၾကည့္ျပီး

အတိုင္းတာ ယူေနတုန္း.

သန္႔ရွင္းေရး အလုပ္သမၾကီးတစ္ေယာက္

ေရာက္လာတယ္,,,

“ဆရာ ဘာေတြလုပ္ေနတာလဲဟင္”?

အဲလိုေမးေတာ့ အင္ဂ်င္နီယာကလည္း

ရိုရိုေသေသ ျပန္ရွင္းျပတယ္,,,

“အေဒၚေရ ဓာတ္ေလွကားတပ္မလို ့ အဲဒါ အေပါက္ေတြေဖာက္ရမွာ လိုက္ၾကည့္ေနတာပါ,,,

အဲေတာ့ အလုပ္သမၾကီးက,,,

“ဆရာ ဒါဆို ေနရာေတြပိုက်ဥ္းသြားျပီး

အမိႈက္ေတြလည္း ပိုရႈပ္လာမွာေပါ့ေနာ္”

အင္ဂ်င္နီယာၾကီးလည္း ရယ္ေနလိုက္တယ္,,,

ျပီးေတာ့ သူလည္း သူ႔အလုပ္ျပန္လုပ္ဖို ့

အာရံုစုိက္မလို ့လုပ္,,,

အလုပ္သမၾကီးကလည္း လွည့္ထြက္သြားမလို႔

လုပ္ေနရင္း စကားတခြန္းကို လွည့္ေျပာတယ္,,,

“ဆရာရယ္ အျပင္မွာ တပ္တာမဟုတ္ဘူး”

အင္ဂ်င္နီယာၾကီး ဟိုက္ခနဲျဖစ္သြားပါတယ္,,, တယ္ဟုတ္ပါလား

ဒါဆို အေပါက္ေတြလိုက္ေဖာက္စရာလည္း

မလိုသလို ေနရာေတြလည္း မက်ဥ္းကုန္ေတာ့ဘူးေပါ့

သူ မစဥ္းစားမိခဲ့တာကို

ေထာက္ျပလိုက္တဲ့အတြက္ျဖစ္တယ္,,,

အဲလိုနဲ ့ အေဆာက္ဦးေတြရဲ ့အျပင္ဘက္မွာလည္း

ဓာတ္ေလွကားေတြ တပ္ဆင္တဲ့

အေလ့အထတစ္ခု ျဖစ္လာခဲ့ပါတယ္,,,

=============

ကမၻာစစ္အတြင္းမွာေပါ့,,,

စစ္တပ္တစ္ခုဟာ ခ်ီတက္လာရင္း

ျပသနာတစ္ခု ၾကံဳရပါတယ္,,,

အဲဒါဘာလဲဆိုေတာ့,,,သူတို ့ခ်ီတက္လာတဲ့

လမ္းေပၚက တံတားတစ္ခုဟာ

သူတို ့ထရပ္ကားအမိုးေတြနဲ ့မလြတ္တာပါ,,,

အမ်ားၾကီးမလြယ္တာလည္းမဟုတ္ပဲ

တစ္လက္မေလာက္ မလြတ္တာပါ,,,

သူတို ့အက်ပ္ရိုက္ကုန္တယ္,,,

ကားေတြကို အမိုးေတြျဖဳတ္မလား.???

ဒီရာေပါင္းမ်ားစြာေသာ ကားေတြအမိုးေတြ

ျဖဳတ္ ျပန္တပ္ဆို အခ်ိန္ေတာ္ေတာ္ကုန္မယ္,,,

တံတားအေပၚက မလြတ္သမွ်ကို လိုက္ျဖတ္ပစ္မလား

ဒါဆိုရင္ တံတားရဲ႕ ခံႏိုင္ရည္အားကို

ဖ်က္စိးသလိုျဖစ္ျပီး တံတားက်ိဳးက်သြားႏိုင္တယ္,,,

အဲဒိခ်ိန္မွာ ေဘးနားကို အနီးနားရြာက

ကေလးတစ္ေယာက္ ေရာက္လာပါတယ္,,,

သူက စစ္အင္ဂ်င္နီယာေတြ တိုင္ပင္ေနတဲ့အနားမွာ

အၾကာႀကီး ထိုင္ နားေထာင္ေနတယ္,,,

သူတို႔ေတြ ကားအမိုးေတြျဖဳတ္ဖို႔ ဆံုးျဖတ္လိုက္ျပီး

ေဆြးေႏြးမႈကို ရပ္လိုက္ခ်ိန္မွာ,,,

ကေလးက တခုခုေျပာခ်င္တဲ့ မ်က္ႏွာေလးနဲ ့

သူတို႔ကို ၾကည့္ေနတယ္,,,

အဲဒိမွာ အင္ဂ်င္နီယာ အၾကီးတစ္ေယာက္က

သူ႔ မုန္႔တစ္ခုကိုေပးလိုက္ျပီး

ကေလးကို သြားဖုိ႔ေျပာတယ္,,,

ဒါေပမယ့္ ကေလးက မသြားပဲ

အဲဒိအင္ဂ်င္နီယာကို ေျပာဖို႔ၾကိဳးစားတယ္,,,

အဲဒါနဲ ့ အင္ဂ်င္နီယာၾကီးက မင္းဘာေျပာခ်င္လို႔လဲ

ေျပာေလ ဆိုေတာ့,,,

ကေလးက ေျပာတယ္,,,

“ဟိုေလ တံတားအမိုးနဲ ့ ကားေတြမလြတ္ဘူးဆိုရင္

ကားဘီးေတြကို ေလနည္းနည္းစီ

လိုက္ေလွ်ာ့ၾကည့္ပါလား,,,”

အင္ဂ်င္နီယာေတြ ကိုယ့္နဖူးကိုယ္ရိုက္

ေဘးနားက ကားနဲ ့ ေခါင္းနဲ ့ေဆာင့္တဲ့သူက ေဆာင့္

ျဖစ္ကုန္ပါေတာ့တယ္,,,

”သင္ခန္းစာ”

ဘယ္သူ႔ကိုမွ အထင္မေသးပါနဲ႔

သူတို႔ရဲ႕အျမင္ သူတို႔ရဲ႕အေတြးကလည္း

ကြၽန္ေတာ္တို႔ မျမင္မိတဲ့ ႐ႈ႕ေထာင့္ကျဖစ္ႏိုင္ပါတယ္။

ဒီစာစုေလးကို ဖက္ဖူးတာၾကာပါၿပီ

ဘယ္သူေရးမွန္း မသိေတာ့ပါဘူး

သင္ခန္းစာအေနနဲ႔ မွတ္သားသင့္တာမို႔

ျပန္လည္ ေရးသားေပးလိုက္ရပါသည္,,,

=============

အရည္အခ်င္းဆိုတာ………

တစ္ခါက နာမည္ၾကီး တကၠသိုလ္မွ ဆရာတစ္ဦးသည္ ေခ်ာင္က်ေသာ

ရြာတစ္ရြာသို႔ သြားေရာက္ လည္ပတ္ခဲ့သည္။ ရြာသို႔ေရာက္ေသာ္ ေလွတစီးငွားျပီး ျမစ္တစ္ေလွ်ာက္ လည္ပတ္ခဲ့သည္။ ေလွစတင္ထြက္ေသာအခါ

ဆရာက ေလွသမားအား……

“ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”

“ ကြ်န္ေတာ္ မတတ္ပါဘူး”

“ရူပေဗဒ တတ္သလား”

“ဒါလဲ မတတ္ပါဘူး”

“ဒါဆိုရင္ ခင္ဗ်ား ကြန္ျပဴတာသံုးတတ္သလား”

“စိတ္မေကာင္းပါဘူး…ဒါလဲ ကြ်န္ေတာ္မတတ္ပါဘူး”

ဆရာမွာ ေခါင္းခါျပီး

“သခ်ာၤမတတ္ရင္

လူ႔ဘ၀ရဲ႔ ၆ပံု၂ပံုကို ခင္ဗ်ားဆံုးရွံဳးမယ္”

“ရူပေဗဒ မတတ္ရင္ လူ႔ဘ၀ရဲ႕ ၆ပံု၁ပံုကို ဆံုးရွဳံးမယ္”

“ကြန္ျပဴတာ မတတ္ရင္ လူ႔ဘ၀ရဲ႔ ၆ပံု၁ပံုကို ဆံုး႐ႈံးမယ္..

ခင္ဗ်ားရဲ႔ ဘ၀ ၆ပံု၄ပံုဟာ ဆံုး႐ႈံးသြားျပီပဲ”

ထိုခဏအတြင္း ရာသီဥတု ေျပာင္းျပီး ေကာင္းကင္တြင္

တိမ္ညိဳမ်ား တက္လာသည္။ မၾကာမီ မိုးသက္ေလျပင္း က်ေရာက္ေတာ့မည္။ ထိုအခါ ေလွသမားက ဆရာအား

“ ခင္ဗ်ား ေရကူးတတ္သလား” ဟုေမးလိုက္သည္။

ဆရာက ခဏမွ် ဆံြ႕အျပီး

“ကြ်န္ေတာ္ မကူးတတ္ဘူး။ တစ္ခါမွ မသင္ဖူးဘူး” ဟုျပန္ေျဖေလသည္။

ေလွသမားမွာ ေခါင္းကိုသြင္သြင္ ရမ္းျပီး..

“ ဒါဆိုရင္ ခင္ဗ်ားရဲ႔ဘ၀ ၆ပံုစလံုးဟာ ဆံုး႐ႈံးရေတာ့မယ္” ဟု ျပန္ေျဖခဲ့သည္။

လူတေယာက္ဟာ ကိုယ့္ရဲ႕ အဆင့္အတန္း

ကိုယ့္ရဲ႕ စံခ်ိန္နဲ႔ အျခားလူတစ္ေယာက္ကို

သြားတိုင္းတာလို႔ မရပါဘူး။တပါးသူကို အထင္မေသးပါနဲ႔။

“ငါ”ဆိုတဲ့ ကိုယ့္စံႏူန္းနဲ႔ အမွားအမွန္ကို မခဲြျခားပါနဲ႔။

ဟိုလူမွာ ထီထြင္ဥာဏ္မရွိဘူး ဒါေပမဲ့ သူဟာ ရိုးသားတယ္

မေကာင္းတာကို မၾကံစည္တတ္ဘူး။ ဒီလူဟာ

အေျပာအဆို မတတ္ဘူး။

ဒါေပမဲ့ သူဟာ အလုပ္ကို ၾကိဳးစားတယ္။

ေျဖာင့္မတ္တယ္။ မခုိမကပ္ဘူး။ ငါရဲ႕ “အရည္အခ်င္း”

သူ႔မွာ မရွိသလို သူ႔ရဲ႕ “အရည္အခ်င္း”လဲ

ငါ့မွာ မရွိဘူး ဆိုတာကို ဘယ္ေတာ့မွ မေမ့ပါနဲ႔။

cd – Original

Unicode

ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကို

ဓာတ်လှေကား တပ်ချင်တော့

ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး

အလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်

ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ

အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်

အထပ်တိုင်းကို လိုက်ကြည့်ပြီး

အတိုင်းတာ ယူနေတုန်း.

သန့်ရှင်းရေး အလုပ်သမကြီးတစ်ယောက်

ရောက်လာတယ်,,,

“ဆရာ ဘာတွေလုပ်နေတာလဲဟင်”?

အဲလိုမေးတော့ အင်ဂျင်နီယာကလည်း

ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

“အဒေါ်ရေ ဓာတ်လှေကားတပ်မလို ့ အဲဒါ အပေါက်တွေဖောက်ရမှာ လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,

“ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး

အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်”

အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,

ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို ့

အာရုံစိုက်မလို ့လုပ်,,,

အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့

လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,

“ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး”

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,, တယ်ဟုတ်ပါလား

ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း

မလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့

သူ မစဉ်းစားမိခဲ့တာကို

ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ ့ အဆောက်ဦးတွေရဲ ့အပြင်ဘက်မှာလည်း

ဓာတ်လှေကားတွေ တပ်ဆင်တဲ့

အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,

=============

ကမ္ဘာစစ်အတွင်းမှာပေါ့,,,

စစ်တပ်တစ်ခုဟာ ချီတက်လာရင်း

ပြသနာတစ်ခု ကြုံရပါတယ်,,,

အဲဒါဘာလဲဆိုတော့,,,သူတို ့ချီတက်လာတဲ့

လမ်းပေါ်က တံတားတစ်ခုဟာ

သူတို ့ထရပ်ကားအမိုးတွေနဲ ့မလွတ်တာပါ,,,

အများကြီးမလွယ်တာလည်းမဟုတ်ပဲ

တစ်လက်မလောက် မလွတ်တာပါ,,,

သူတို ့အကျပ်ရိုက်ကုန်တယ်,,,

ကားတွေကို အမိုးတွေဖြုတ်မလား.???

ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ

ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား

ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို

ဖျက်စိးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက

ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ

အကြာကြီး ထိုင် နားထောင်နေတယ်,,,

သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး

ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,

ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ ့

သူတို့ကို ကြည့်နေတယ်,,,

အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က

သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး

ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ

အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,

အဲဒါနဲ ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ

ပြောလေ ဆိုတော့,,,

ကလေးက ပြောတယ်,,,

“ဟိုလေ တံတားအမိုးနဲ ့ ကားတွေမလွတ်ဘူးဆိုရင်

ကားဘီးတွေကို လေနည်းနည်းစီ

လိုက်လျှော့ကြည့်ပါလား,,,”

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်

ဘေးနားက ကားနဲ ့ ခေါင်းနဲ ့ဆောင့်တဲ့သူက ဆောင့်

ဖြစ်ကုန်ပါတော့တယ်,,,

”သင်ခန်းစာ”

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့

သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း

ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။

ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ

ဘယ်သူရေးမှန်း မသိတော့ပါဘူး

သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့

ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

=============

အရည်အချင်းဆိုတာ………

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော

ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ

ဆရာက လှေသမားအား……

“ခင်ဗျား သချာင်္ဗေဒတတ်သလား”

“ ကျွန်တော် မတတ်ပါဘူး”

“ရူပဗေဒ တတ်သလား”

“ဒါလဲ မတတ်ပါဘူး”

“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”

“စိတ်မကောင်းပါဘူး…ဒါလဲ ကျွန်တော်မတတ်ပါဘူး”

ဆရာမှာ ခေါင်းခါပြီး

“သချာင်္မတတ်ရင်

လူ့ဘဝရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှံုးမယ်”

“ရူပဗေဒ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”

“ကွန်ပြူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..

ခင်ဗျားရဲ့ ဘဝ ၆ပုံ၄ပုံဟာ ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင်

တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား

“ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး

“ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..

“ ဒါဆိုရင် ခင်ဗျားရဲ့ဘဝ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း

ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို

သွားတိုင်းတာလို့ မရပါဘူး။တပါးသူကို အထင်မသေးပါနဲ့။

“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဉာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ်

မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ

အပြောအဆို မတတ်ဘူး။

ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။

ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း”

သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ

ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

cd – Original

Comments

Popular posts from this blog

တြတ္​ပီ စာအုပ္​မ်ား

ဆရာႀကီး မင္းသိခၤ၏ စာအုပ္မ်ား စုစည္းမႈ

ဝတၳဳတို​ေပါင္​းခ်ဳပ္​မ်ား